အိုင်အက်စ်အဖွဲ့၏ ၀ါဒဖြန့်စာရွက်များ ဖြန့်ဝေသူနှစ်ဦးကို ပါကစ္စတန်တွင် ဖမ်းဆီး

အရှေ့အလယ်ပိုင်း ဒေသရှိ အိုင်အက်စ်အဖွဲ့ ပါကစ္စတန်နိုင်ငံသို့ ၀င်ရောက်လာမည် ကို စိုးရိမ်မှုများရှိနေစဉ် နိုင်ငံအနောက်မြောက်ပိုင်း ပက်ရှ်ဟာဝါမြို့တွင် စီးနင်းမှုတစ်ခုပြီးနောက် အိုင်အက်စ်အဖွဲ့အတွက် လက်ကမ်း စာစောင်များ ဖြန့်ဝေပေးနေသည်ဟု သံသယရှိသူနှစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း အရာရှိများက ဗုဒ္ဓဟူးနေ့တွင် ပြောကြားသည်။

 ပါကစ္စတန်နိုင်ငံအတွင်း အိုင်အက်စ်အဖွဲ့၏ လက်တံဆန့် ထုတ်ရန် ကြိုးပမ်းမှုများကို တားဆီးခဲ့ရသည်ဟု ပါကစ္စတန်စစ်ဘက်က ပြီးခဲ့သည့်လအတွင်းက ပြောကြားခဲ့ပြီး အစိုးရအဖွဲ့၊သံတမန်အဖွဲ့နှင့် အရပ်ဘက်ပစ် မှတ်များအပေါ် တိုက်ခိုက်ရန် စီစဉ်နေသည်ဟု သံသယရှိသူ ၃၀၀ ကျော်ကို ဖမ်းဆီးခဲ့သည်။

 အင်္ဂါနေ့က စီးနင်းမှုပြီးနောက် အိုင်အက်စ်အဖွဲ့ဝင်အချို့ အပါအ၀င် ပက်ရှ်ဟာဝါမြို့၏ ဒေသများတွင် စစ်သွေးကြွများ လှုပ်ရှားနေဆဲဖြစ်သည်ဟု ရဲတပ် ဖွဲ့က ပြောသည်။

ယင်းစီးနင်းမှုအတွင်း အခြားသံသယရှိသူနှစ်ဦး ထွက်ပြေးလွတ်မြောက်သွားသည်ဟု အမည်မဖော်လိုသော ရဲအရာရှိတစ် ဦးက ပြောကြားသည်။

အိမ်နီးချင်းအာဖဂန်နစ္စတန် နိုင်ငံတွင် တွေ့ကြုံခဲ့ရသကဲ့သို့ ပါကစ္စတန်နိုင်ငံ၏ ငယ်မွေးခြံပေါက် စစ်သွေးကြွများ ကြောင့် နိုင်ငံတွင်းသို့ အိုင်အက်စ်အဖွဲ့ ရောက်လာမည်ဆိုသော စိုးရိမ်မှုများ ထွက်ပေါ်နေသည်။

ဆွန်နီမွတ်စလင် စစ်သွေးကြွများက ပါကစ္စတန်နိုင်ငံ၏ လူနည်းစု ရှီးဟိုက်မွတ်စလင်များကို ပစ်မှတ်ထားမှုများ နှင့်အတူ ပါကစ္စတန်နိုင်ငံတွင် ဂိုဏ်းဂဏဆိုင်ရာ အကြမ်းဖက် တိုက်ခိုက်မှုများ ဒဏ်ခံခဲ့ရသည်မှာ ကြာပြီဖြစ်သည်။

သြဂုတ်လက လူ ၇၄ ဦး သေ ဆုံးခဲ့သော ကူယက်တာမြို့ ဆေးရုံတစ်ရုံကို အသေခံဗုံးခွဲတိုက် ခိုက်မှုသည် ၎င်းတို့ လက်ချက်ဖြစ်သည်ဟု အိုင်အက်စ်အဖွဲ့၏ တရားဝင်သတင်းဌာနက ပြောကြားသည်။

—Ref: Reuters


Leave a Reply