မိတ္ထီလာပြည်ခိုင်ဖြိုး မိုးရေနစ်မြုပ်ဒဏ်ခံနေရသော ကျေးရွာများသို့ ခေါက်ဆွဲခြောက်များ သွားရောက်လှူဒါန်း

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ  မိုးရေဝင်၍ ရေနစ်မြုပ်မှုဒဏ် ခံနေရသည့် နန်းတော်ကုန်း-ပေါက်ချောင်း တိုးချဲ့ရိပ်သာ-ရှင်မြို့ အုန္နဲဘုတ်ကျေးရွားများသို့ အောက်တိုဘာလ (၆) ရက်က ခေါက်ဆွဲခြောက်ထုပ်များ သွားရောက် ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်​။

14494899_1840338716212031_5998035761464035785_n

အလားတူ မိတ္ထီလာမြို့ ပေါက်ချောင်းရပ်ကွက် နယ်မြေ ၁၃ တိုးချဲ့ရိပ်သာရေဘေးသင့် အိမ်ထောင်စုဝင်၂၈ ဦး အား မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဖိုးဥာဏ်၊ အတွင်းရေမှူး ကော်မတီဝင်များ၊ နယ်မြေခံ ဒေါ်ယဉ်ယဉ်အေး ရပ်ကွက်စည်းမှူး ဒေါ်မြမာလာတို့မှ ထောက်ပံ့ပစ္စည်းများ သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။

# Thurein Linn Myat  , Naung Naung


Leave a Reply