နွေရာသီ အခြေခံ ဆံပင်နှင့်မိတ်ကပ် အလှပြင် သင်တန်းဖွင့်ပွဲကျင်းပ
ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီရုံး၌ု ယနေ့ (၃-၄-၃၀၁၇) ရက် နံနက် ၉ နာရီက နွေရာသီအခြေခံဆံပင်နှင့်မိတ်ကပ် အလှပြင် သင်တန်း ဖွင့်ပွဲကျင်းပခဲ့သည်။
အခမ်းအနားသို့ တိုင်းပါတီကော်မတီဝင်ပုဇွန်တောင်မြို့နယ် နယ်မြေတာဝန်ခံ ဒေါ်စန်းစန်းဝင်း အရှေ့ပိုင်းခရိုင် ပါတီဥက္ကဋ္ဌ ဦးစိန်မြင့် အရှေ့ပိုင်းခရိုင် ပါတီကော်မတီဝင် အမျိုးသမီးရေးရာနှင့်လူငယ်တာဝန်ခံ ဒေါ်ဇာခြည်လင်း၊ ပုဇွန်တောင်မြို့နယ်ပါတီဥက္ကဋ္ဌ ဦးစိုးမင်းသန်း၊ မြောက်ဥက္ကလာပမြို့နယ် ပါတီ ကော်မတီဝင် ဒေါ်သန္တာဦး၊ ဆံပင်မိတ်ကပ်နှင့်အလှပညာရှင် မျိုးမျိုး၊ မြို့နယ်ပါတီ ကော်မတီဝင်များ၊ ရပ်ကွက်ပါတီဝင်များ၊ သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် တိုင်းပါတီကော်မတီဝင်ဒေါ်စန်းစန်းဝင်းမှ အမှာစကား ပြောကြားသည်။
ဆံပင်နှင့်မိတ်ကပ်အလှဖန်တီးရှင် မျိုးမျိုးမှ သင်တန်းပို့ ချသည်။ ဖွင့်ပွဲသို့  ၅၀ ဦး တက်ရောက်သည်။ သင်တန်းချိန်မှာ မနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီ ထိ ဖြစ်ပါသည်။
ဧပြီ ၃ ရက်နေ့ မှ ၇ ရက်နေ့ထိဖြစ်သည်။ သင်တန်းသား၂၀ ဦး တက်ရောက် ပြီး အခမဲ့ သင်ကြားပေးသည်။
အသက်မွေးဝမ်းကျောင်းပညာရပ်ဖြစ်ပြီး လူတိုင်းအလုပ်အကိုင်အခွင့်အလမ်း အဆင်ပြေစေရန် ရည်ရွယ်ချက်ဖြင့် ပြည်ခိုင်ဖြိုးပါတီမှ ဖွင့်လှစ်ကြောင်း သတင်းရရှိပါသည်။
Aye Aye Win