မြန်မာ့နိုင်ငံရေးမှာ တပ်မတော်ဝင်မပါရင် ကျွန်ပြန်ဖြစ်တာကြာပေါ့

14448947_606205602891721_7227929358914337733_n

၂ဝ၁၆ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့ နှင့် ၂ ရက်နေ့ ထုတ်ပြည်ထောင်စုသတင်းစာ အလယ်စာမျက်နှာများတွင် ‘မောင်စေတနာ’ ရေးသားထားသော ‘စစ်မှန်တဲ့ အမျိုးသားပြန် လည်သင့်မြတ်ရေးကို ဘယ်လိုတည်ဆောက် ကြမလဲ’ ဆောင်းပါးရှည်ကြီးပါလာသည်။ ထို ဆောင်းပါးမှာ ပြည်ထောင်စု တစ်ဝန်းလုံးက အချုပ် အခြာအာဏာပိုင်၊ မဲဆန္ဒရှင်တိုင်းရင်းသား ပြည်သူအားလုံးဖတ်သင့်သော ဆောင်းပါးဖြစ်ပါ သည်။
မောင်စေတနာဟူသောကလောင်ရှင်နှစ်ယောက် ရှိပါသည်။ တစ်ဦးက ရန်ကုန်မှာ နေပါသည်။ စာမျိုးစုံ ရေးသည်။ မြန်မာစာပေ ပြန့်ပွားရေး လှုပ်ရှားမှုတွင် အားတက်သရော ပါဝင်သည်။ လူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ဝေသော ‘တံခါးမှူး’ မဂ္ဂဇင်းတွင် အယ်ဒီတာ အဖြစ် ဆောင်ရွက်သည်။ ထိုပုဂ္ဂိုလ်သည် ကျွန်တော်နှင့် ရင်းနှီးခင်မင်ပါသည်။ ယခုတော့ သူဆုံးပါး သွားရှာပြီဖြစ်ပါသည်။
ပြည်ထောင်စုသတင်းစာတွင် အထက်ဖော် ပြပါ ဆောင်းပါးကိုရေးသူ မောင်စေတနာမှာ အမျိုးသားနိုင်ငံရေးစိတ်ဓာတ် အပြည့်ဖြင့်စာဖတ် အား၊လေ့လာအားကောင်းသောနိုင်ငံရေးသုတေသီ တစ်ဦးဖြစ်သည်။ အငြိမ်းစားကျောင်းဆရာကြီး တစ်ဦးလည်းဖြစ်သည်။ သူကနိုင်ငံတော်နှင့် နိုင်ငံသားပြည်သူများအတွက် စေတနာထားပြီး ပြည်သူများအမှန်ကိုသိအောင် ခိုင်မာပြည့်စုံစွာရေး သားတင်ပြလေ့ရှိပါသည်။ ကျွန်တော်နှင့် အလွန် တရာရင်းနှီးခင်မင်ပါသည်။ ကျွန်တော်က ဆောင်းပါးများကို တစ်နေ့တစ်ပုဒ်ပုံမှန်ရေးနေ၍ ဆောင်းပါးစာအုပ်အထွက်များပါသည်။ မောင်စေ တနာက ကျကျနနလေ့လာသုံးသပ် သုတေသန ပြုပြီးမှ ဆောင်းပါးအဖြစ်ထက်၊ သုတေသနစာ တမ်းအဖြစ်ရေးသားလေ့ရှိသည်။ အငြိမ်းစား ကျောင်းဆရာကြီးတစ်ယောက်၏ ချင့်ချိန်တွေးဆ နိုင်သောပညာÓဏ်ပြည့်ဝသည့်အပြင် အသက် အရွယ် ဘဝအတွေ့အကြုံကလည်း ရင့်ကျက်ကာ စာဖတ်မှုလေ့လာမှုအားသန်သူဖြစ်၍ သူရေး လိုက်သမျှခိုင်မာသည်။
မောင်စေတနာသည် မည်သည့်ပါတီမှမပါ ဝင်ဘဲ အမျိုးသားနိုင်ငံရေးအမြင်ဖြင့် ခေတ်ရေး ခေတ်ရာ၊ ခေတ်တာဝန်များကို သမိုင်းရေး သမိုင်းရာ၊ သမိုင်းပေးတာဝန်ထမ်းဆောင်ရင်း ရေးသားနေသူဖြစ်သည်။ ကျွန်တော်ကိုယ်တိုင် လည်း အသက် (၈၆) နှစ်ထဲဝင်လာခဲ့သူဖြစ်၍ ဘဝအတွေ့နှင့် သမိုင်းတစ်ကွေ့ကို ဖြစ်ရပ်မှန် အတိုင်း သတင်းသမားတစ်ဦး၏ သတင်း အသိဖြင့် အမျိုးသားနိုင်ငံရေး၊ သမိုင်းရေးတာဝန် ကို ကလောင်တစ်ချောင်းဖြင့် ရေးသားနေခြင်း ဖြစ်သည်။ တပ်မတော်သမိုင်း၊ တပ်မတော် အကြောင်းရေးသော်လည်း တပ်မတော်ထဲတစ် ရက်၊ တစ်မနက်ပင်မပါဝင်ခဲ့ဖူးပါ။ ပြည်ခိုင်ဖြိုး အသင်း၊ ပြည်ခိုင်ဖြိုးပါတီတို့အား ကိုယ်သိသမျှ ပြောပြ၊ ရေးပြခြင်းဖြင့် ကျွန်တော်၏ အမျိုးသား နိုင်ငံရေးတာဝန်ကို ထမ်းဆောင်နေခြင်းဖြစ်သည်။
ကျွန်တော်သည် သူ့ကျွန်ဘဝတွင် ၁၇ နှစ် ကျရောက် ကျွန်ဖြစ်ခဲ့ဖူးသည်။ နယ်ချဲ့အင်္ဂလိပ် ကျွန်အဖြစ် ၁၄ နှစ်၊ ဖက်ဆစ်နယ်ချဲ့ဂျပန်ကျွန် အဖြစ် သုံးနှစ်ကျွန်ဖြစ်ခဲ့ရပြီးပြီ။ ငယ်စဉ်ကတည်း က ကဗျာရေး၊ စာရေး၊ စာဖတ်အားကောင်းခဲ့ သဖြင့် နယ်ချဲ့သမားသရုပ်၊ ကျွန်နိုင်ငံကိုကြုံရ သမျှ ခံစားရသမျှကို ကိုယ်တွေ့ရော၊ စာတွေ့ပါ နောကျေခဲ့သဖြင့် ကျွန်တော်၊ ကျွန်တော့်မိသားစု သားစဉ်မြေးဆက်သာမက ကျွန်တော်တို့ ပြည် ထောင်စုမြန်မာနိုင်ငံတော်၏ ပိုင်နက်နယ်မြေ မှန်သမျှ၊ ပြည်ထောင်စုဖွားတိုင်းရင်းသားမှန် သမျှ လုံးဝ (လုံးဝ) ကျွန်ပြန်ဖြစ်မခံနိုင်ပေ။ ကျွန်ဖြစ် စော်နံသည်၊ ကျွန်နံ့သင်းသည်၊ ကျွန်စော် နံဟောင် နေသည်ဆိုသည်ကလည်း အမျိုးသားရေးစိတ် ဓာတ်အခံဖြင့် အရာရာလေ့လာ စူးစမ်း ဆင်ခြင် သုံးသပ်ခွဲခြားစိတ်ဖြာနိုင်မှ ရရှိနိုင်သော ခံစားမှု အာရုံများဖြစ်သည်။ ကျွန်တော့်ဘဝ(၈၆)နှစ် ဘဝ အတွေ့နှစ်ပေါင်း ၇ဝ ကျော် စာရေးသက်စာတွေ့ စာကြုံ၊ သတင်းသက်နှစ်ပေါင်း ၆ဝ သတင်း တွေက၊သတင်းကြုံ၊ သတင်းအသိနှင့်ယှဉ်ပြီးစာရေး သည်၊ ဟောသည်၊ ပြောသည်၊ ထိုသို့ရေးသား ပြောဆိုနေခြင်းသည်ပင် အမျိုးသားရေးတာဝန်၊ သမိုင်းပေးတာဝန်ကို ပယောဂမျိုးစုံကင်းဝေးစွာ ခွာချပြီးကျေပွန်စွာထမ်းဆောင်နေခြင်းပင်ဖြစ်သည်။
ကျွန်တော်တို့ကျောင်းသားဘဝက နယ်တွင် ကျောင်းသားသမဂ္ဂများတွင် ပါဝင်ဆောင်ရွက် ခဲ့သည်။ ဘာယူဂျီးဘာအိုဂျီမှတော့မဖြစ်ခဲ့၊သို့ သော်နယ်ကျောင်းသားသမဂ္ဂသည် ဗကသခေါ် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂအဖွဲ့ကြီး ၏လက်အောက်ခံ၊ ညွှန်ကြားခံအဖွဲ့များဖြစ်နေခဲ့ သည်။ဗကသညွှန်ကြားသည့်အတိုင်း နယ်မှ ကျောင်းသားသမဂ္ဂများကဖြည့်ဆည်းဆောင်ရွက် သည်။ ၁၉၄၇ ခုနှစ် ကျောင်းသားသပိတ်ကို ကျွန်တော်တို့မြို့တွင် ကျွန်တော်တို့ဦးဆောင် မှောက်ခဲ့သည်။ ၁၉၂ဝ ပြည့်နှစ် ကျောင်းသား သပိတ်၊ ၁၉၃၆ ခုနှစ် ကျောင်းသားသပိတ်၊ ၁၉၃၈ ခုနှစ် ကျောင်းသားသပိတ်မှသည် ၁၉၄၇ ခုနှစ် ကျောင်းသားသပိတ်အထိ မှောက်ခဲ့သော သပိတ်များသည် ကျွန်ပညာ တိုက်ဖျက်ရေး၊ မြန်မာတို့၏ပြည်သူ့ပညာရေးစနစ်အစားထိုးရေး၊ နယ်ချဲ့ဆန့်ကျင်ရေးမှသည် မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုအထိ အကျုံးဝင်ခဲ့သည်။

အလံဖြူ(ဗကပ) ကွန်မြူနစ်တောခိုတို့အတွက် မြေပေါ်တွင် လျှို့ဝှက်လှုပ်ရှားကာ နိုင်ငံရေး နားမလည်သော ကျောင်းသားများကို အသုံးချကြ သူများမှာ တပ်ဦး(အလံဖြူဗကပယူဂျီ)၊ တပ်ဦး သစ်(အလံ နီယူဂျီ)၊ ဗကသများအဖွဲ့ချုပ်(မြေပေါ် ရှိဆိုရှယ်နီ လက်ဝဲအုပ်စုအိုဂျီ)၊ ဒီအက်စ်အိုခေါ် ကျောင်းသားရဲခေါင် (အာဏာရဆဖပလကိုချုပ် ကိုင်ထားသော (ဆိုရှယ်လစ်ပါတီမှ ဦးကျော်ငြိမ်း ဖွဲ့ပေးထားသောအိုဂျီအဖွဲ့)၊ ထိုမျှမက အနောက် နယ်ချဲ့ အုပ်စုဝင်သံရုံးများက ဖွဲ့စည်းပေးပံ့ပိုးကြိုး ကိုင်ထားသောကြားနေ၊ သန့်ရှင်းစသည့်အုပ်စုများ သည် လွတ်လပ်ရေးသက်တမ်းနှင့်အမျှ ငြိမ်းချမ်း စွာ ပညာသင်ကြားရေးကိုဖျက်ဆီး၊ ကျောင်းသား လူငယ်များကို ရက်ရက်စက်စက်အသုံးချခဲ့ကြ သည်။
ကျွန်တော်တို့ကိုယ်တိုင် နယ်တွင်အထက ကျောင်းသားသမဂ္ဂ၊ မြို့နယ်ကျောင်းသားသမဂ္ဂ၊ ခရိုင်ကျောင်းသားသမဂ္ဂများတွင် ဦးဆောင်ပါဝင် လှုပ်ရှားနေခဲ့စဉ်က ရန်ကုန်ဗကသမှ ညွှန်ကြား သမျှ မငြင်းတမ်းခံယူဆောင်ရွက်ခဲ့ကြရသည်။ ကျောင်းသားကိုဖမ်းလျှင် အစိုးရကိုရော၊ ရဲနှင့် တပ်ကိုပါအမြင်မကြည်ဖြစ်ခဲ့ကြရသည်။ကျွန်တော် တို့နှင့်အတူ ကျောင်းသားလှုပ်ရှားမှုများတွင် ပါဝင်ဦးဆောင်သူ ကျောင်းနေဖက်သူငယ်ချင်း များစွာ အလံဖြူကွန်မြူနစ်(ဗကပ)၊ အလံနီ ကွန်မြူနစ်၊ ရဲဘော်ဖြူ၊ ဆိုရှယ်နီစသည်တို့တွင် ပါဝင်သွားကြသည်ကိုတွေ့ရမှ ကျွန်တော်တို့ စဉ်းစားရ၊ သုံးသပ်ရသည်။
၁၉၅၇ ခုနှစ် ဇွန်လတွင် ရန်ကုန်သတင်းစာ လောကသို့ ခြေစုံပစ်ဝင်ခဲ့သည်။ သတင်းစာ တိုက်ကိုးတိုက်တွင် သတင်းထောက်၊ အယ်ဒီတာ၊ ဒုတိယအယ်ဒီတာချုပ်၊ အယ်ဒီတာချုပ်လုပ်ခဲ့ရ သောအခါ၊ သတင်းဖြစ်ပွားရာသို့ ကိုယ်တိုင်သွား ရောက်သတင်းယူကြရ၊ သတင်းတစ်ပုဒ်ကို အကြောင်းပြုပြီး သတင်း၏နောက်ကြောင်းကို ပြန်လည်ရှာဖွေလေ့လာအသုံးပြုရသဖြင့် သတင်း သြိ<ွကယ်ဝလာခဲ့သည်။ ၁၉၅၇ မှ ၁၉၆၃ အထိ ကျောင်းသားလှုပ်ရှားမှုဖြစ်ပွားရာ ရန်ကုန်တက္က သိုလ်ဝင်းအတွင်း ကိုယ်တိုင်သတင်းယူရန်ရောက် သွားသည်။ ထိုအခါတွင်မှ ဗကပယူဂျီတပ်ဦး၊ အလံနီယူဂျီတပ်ဦးသစ်၊ ဆိုရှယ်နီအိုဂျီအုပ်စု၊ ဖဆပလ ဆိုရှယ်လစ်ပါတီအိုဂျီ၊ သံရုံးသြဇာခံ ကျောင်းသားအုပ်စုတို့အကြောင်းမယုံမရှိနဲ့ ကိုယ်တွေ့ဟုပြောရလောက်အောင် သိလာရ သည်။
ရန်ကုန်ဗကသ၊ တကသ(တက္ကသိုလ်သမဂ္ဂ) တို့တွင် နှစ်စဉ်အာဏာလုရာ၌ ဗကပတပ်ဦးတို့က အမြဲလိုလို အာဏာရသည်။ သူတို့က ဗကသ တံဆပ်တုံးနှိပ်ပြီး ညွှန်ကြားသမျှနယ်မှ(ကျွန်တော် တို့အပါအဝင်) ကျောင်းသားသမဂ္ဂများက လိုက် လုပ်ပေးနေရသည်ကို သိလာရသည်။ ထိုတပ်ဦး ယူဂျီတို့၏အဓိကရည်ရွယ်ချက်မှာ ကျောင်းသား များကို သိမ်းသွင်းအသုံးချပြီး လက်ရှိအစိုးရများ ပြုတ်ကျစေရန် ထိုသို့ပြုတ်ကျသွားမှ တောထဲက ကွန်မြူနစ်ကြီးများ မြေပေါ်တက်လာကာ အာဏာ ရစေရန်သာဖြစ်ကြောင်း သိသမျှ ယူဂျီတို့ အသုံးချ သမျှ ပျော်ရွှင်တက်ြ<ွကသွက်လက် စွန့်စား ဆောင် ရွက်ခဲ့(မိုက်ခဲ့)ကြရသည်ကို သိပါသည်။ ကျောင်း သားကို အသုံးနိုင်မှတော့ ထိုမြေပေါ်၊ မြေအောက် အာဏာနိုင်ငံရေးသမားတို့ ပွပေါက် တိုးပြီပေါ့။ ကျောင်းသားကို အစိုးရက ဖမ်းလျှင်၊ ပစ်ခတ် လူစုခွဲလျှင်၊ ထောင်ချလျှင်၊ ဆေးရုံရောက် လျှင် ကျောင်းသားမိဘ(ပြည်သူ)က မခံမရပ်နိုင် ပါလာ ပြီပေါ့။
၁၉၄၈ ခုနှစ် ဇန်နဝါရီလတွင် လွတ်လပ် ရေးရလာသည်။ ၁၉၄၈ခုနှစ်မှာပင် ပြည်တွင်း စစ်ခေါ် ရောင်စုံသောင်းကျန်းမှုပေါ်လာသည်။ တောခိုသူပုန်များတွင် ကွန်မြူနစ်သူပုန်က သုံးမျိုး-အလံဖြူကွန်မြူနစ်၊ အလံနီကွန်မြူနစ်နှင့် ရဲဘော်ဖြူကွန်မြူနစ်သူပုန်တို့ဖြစ်သည်။ ပြည်ပက သွေးခွဲ၊ သွေးထိုးမှု၊ ပံ့ပိုးထောက်ပံ့မှုဖြင့် ခွဲထွက် ရေးပုန်ကန်သော လူမျိုးစု သူပုန်က သုံးမျိုး (ကေ အင်ဒီအို၊ အမ်အင်န်ဒီအိုနှင့် သထုံပအိုဝ်း)တို့ ဖြစ်ကြသည်။ ပြည်ပမှကျူးဝင်လာပြီး နိုင်ငံမြေကို ဖဲ့ထုတ်လိုသော နိုင်ငံခြားသားလူမျိုးခြား သောင်း ကျန်းသူက နှစ်မျိုး(တရုတ်ဖြူနှင့် မူဂျာဟိန်းခေါ် ဘင်္ဂလားမွတ်စလင်)တို့ဖြစ်ကြသည်။

အင်္ဂလိပ်နယ်ချဲ့ အစိုးရက ကမ္ဘာစစ်အပြီး ပြန်ဝင်လာကာ မြန်မာ့တပ်မတော်အင်အားကို ချည့်နဲ့သွားစေရန် ၅၂ဝဝဖြင့်သာ ပြန်ဖွဲ့ရမည်ဟု လုပ်လာခဲ့သည်။ တပ်မတော်သားသောင်းပေါင်း များစွာ တပ်မှထွက်ခဲ့ရသည်။ တပ်မတော်အင်အား ၅ဝဝဝကျော်မှ ၃ဝဝဝကျော်ကို ကွန်မြူနစ်ကြီးများ ဖြစ်သော တပ်မှူးတို့က အမိန့်ဖြင့်ခေါ်ယူတောခို ကာ ဗကပနှင့် ပေါင်းကြသည်။ သူပုန်ရှစ်မျိုးက တစ်နိုင်ငံလုံးမှ မြို့ရွာများကို ခွဲတမ်းချပြီး သိမ်း လိုက်ကြရာ အင်းစိန်ကိုပင် ကရင်ြုီဥက သိမ်းကာ ရန်ကုန်ကို သိမ်းဖို့တိုက်နေကြပြီ။ ထို ရန်ကုန်ခြောက်မိုင်အစိုးရဟု သရော်ခံရသော သခင်နု ဖဆပလ အစိုးရသည် မိသားစုများပါ ခေါ်ပြီးပြည်ပသို့ထွက်ပြေးရန် မင်္ဂလာဒုံလေယာဉ် ကွင်းရောက်နေကြပြီ။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီးနေဝင်းက ဦးနုတို့ကို ပြန်ခေါ်ကာ တပ်မတော်လက်ရှိ အင်အားဖြင့် သူပုန်တို့လက်မှ မြို့ရွာအားလုံး ပြန်တိုက်ယူခဲ့ သည်။ ဦးနုအစိုးရ အာဏာဆက်လက်တည်မြဲခဲ့ သည်။ ထိုသို့တပ်မတော်က ပြည်ထောင်စုမပြို ကွဲအောင် လွတ်လပ်ရေး မဆုံးရှုံးအောင်ဝင်ရောက် တိုက်ခိုက်ပေးခြင်းကို ထိုစဉ်က ကိုယ်တွေ့သိ သော မြန်မာပြည်သူတို့က ကျေးဇူးတင်ကြသည်။ တောခိုဗကပနှင့် ကျန်သူပုန်များက တပ်မတော် သာဝင်မရှုပ်လျှင် ငါတို့ဒေသအလိုက်အာဏာရ ပြီဟုဆိုကာ ဒေါသထွက်ကြသည်။ မြန်မာ့လွတ် လပ်ရေး ခုရ၊ ခုပြန်ဆုံးရှုံး၊ ခုပြန်ပြီးသူတို့လက်သို့ မြန်မာနိုင်ငံပြန်ရောက်လာနိုင်ပါလျက် တပ်မတော် ဝင်ရှုပ်၍ တို့လာဘ်လွဲရသည်ဟု မကျေမနပ်ဖြစ် ခဲ့ကြပေသည်။
အာဏာရ ဖဆပလကြီးသည်ပြည်တွင်းစစ် ကိုပရမ်းပတာနိုင်၊ အာဏာရပါတီ၊ အာဏာရ အစိုးရ၊ အာဏာရဆိုရှယ်လစ်ပါတီတို့အတွင်းမှ ၁၉၅ဝပြည့်နှစ်တွင် ဆိုရှယ်နီ(မြေပေါ်ကွန်မြူနစ် တို့)ကွဲထွက်သွားသည်။ ၁၉၅၈ ခုနှစ်တွင် နုတင် (သန့်ရှင်း)နှင့် ဆွေငြိမ်း(တည်မြဲ)တို့ ကွဲသွား သည်။ ဟိုဘက်သည်ဘက် လူသူလက်နက်စု ဆောင်း၍ မြေပေါ်မှာပင် ဖဆပလနှစ်ခြမ်းတို့ သွေးချောင်းစီး စာရင်းရှင်းပွဲလုပ်ကြတော့မည့် ဆဲဆဲ ဦးနုကိုယ်တိုင်လန့်ဖျပ်ပြီး ဗိုလ်ချုပ်ကြီး နေဝင်း၏တပ်မတော်အိမ်စောင့်အစိုးရကို ဝင်ထိန်း ခိုင်းခဲ့ရသည်။ အိမ်စောင့်အစိုးရက နိုင်ငံတည်ငြိမ် အောင်ဆောင်ရွက်ပေးပြီး၊ ၁၉၆ဝပြည့်နှစ်ဦးပိုင်း တွင် ရွေးကောက်ပွဲကျင်းပလာခဲ့သည်။ ဦးနု၏ သန့်ရှင်း ဖဆပလက နိုင်၍အာဏာလွှဲပေးသည်။ ဦးနု၏မထိန်းသိမ်းနိုင်မှုကြောင့် လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းများ ဆက်တိုက်ဖြစ်လာခဲ့ရ သည်။ တိုင်းရင်းသားလူမျိုးစု သူပုန်အဖွဲ့သစ် များတိုးလာသည်။ ၁၉၆၂ခုနှစ် မတ်လဆန်း ရှမ်း စော်ဘွားမူ၊ ရှစ်ပြည်နယ်မူ၊ ဖက်ဒရယ်မှုလှုပ်ရှား မှုကြီးဖြစ် ပြည်ထောင်စုကြီး ရှစ်စိတ်ကွဲ၊ ရှစ်နိုင်ငံ ခွဲ၊ နယ်ချဲ့စစ်အုပ်စု(ဆီးတိုး)က အာရှတစ်ခွင် ဗိုလ်ကျ စိုးမိုးစေမည့်အနေအထားရောက်လာ၍ တပ်မတော်ကနိုင်ငံတော်ကိုကာကွယ်ခဲ့ရပြန်သည်။

၁၉၆၂ခုနှစ် မတ်လတွင် တပ်မတော်က ဗိုလ် ချုပ်အောင်ဆန်း အသည်းအသန်စွဲလမ်း၊ ဆန္ဒ ပြင်းပြသော ဆိုရှယ်လစ်နိုင်ငံ တည်ဆောက်ရန် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ဖွဲ့စည်းပေးခဲ့သည်။ ၁၉၇၄ ခုနှစ် အခြေခံဥပဒေရေးဆွဲပေးခဲ့သည်။ ယင်း အခြေခံဥပဒေအရ ရွေးကောက်ခံရသော လမ်းစဉ် ပါတီအစိုးရလက်သို့ ၁၉၇၄ခုနှစ်မှာပင် တပ်မ တော်က နိုင်ငံတော်အာဏာလွှဲပေးခဲ့သည်။ ထို လမ်းစဉ်ပါတီအစိုးရ လက်ထက်တွင် လက်ဝဲ (ကွန်မြူနစ်)များနှင့် လက်ယာ(အရင်းရှင်နယ်ချဲ့ အုပ်စု)တို့ လျှို့ဝှက်ပူးပေါင်းကာ ဦးသန့်အရေး အခင်း၊ အလုပ်သမားအရေးအခင်း၊ မှိုင်းရာပြည့် ဆူပူမှုနှင့် ရှစ်လေးလုံးတိုင်းဆူပြည်ပျက်မှုကြီး ဖန်တီးခဲ့ရာ ပြည်ထောင်စုပြိုကွဲစပြုလာခဲ့သည်။ တိုင်းရင်းသားစည်းလုံးညီညွတ်မှုလည်း အိမ် မြှောင်ဇောက်ထိုးပြလာသည်။ပြည်ပမှစစ်သင်္ဘော ငါးစင်းအုပ်စုလည်း ကျူးဝင်လာနေပြီ။ ၁၈-၉-၈၈ရက်နေ့တွင် တပ်မတော်ကသာ ဝင်မကာ လျှင် မြန်မာတို့ ကျွန်ပြန်ဖြစ်ပြီ။ ကျွန်ပြန်မဖြစ်မီ ပြည်တွင်းစစ်မီးက မြေပေါ်အထိ ကူးစက် လောင် ကျွမ်းကာ ယနေ့ဆီးရီးယားထက် အခြေအနေ ပိုဆိုးမည်။

အာဏာရ ဖဆပလကြီးသည်ပြည်တွင်းစစ် ကိုပရမ်းပတာနိုင်၊ အာဏာရပါတီ၊ အာဏာရ အစိုးရ၊ အာဏာရဆိုရှယ်လစ်ပါတီတို့အတွင်းမှ ၁၉၅ဝပြည့်နှစ်တွင် ဆိုရှယ်နီ(မြေပေါ်ကွန်မြူနစ် တို့)ကွဲထွက်သွားသည်။ ၁၉၅၈ ခုနှစ်တွင် နုတင် (သန့်ရှင်း)နှင့် ဆွေငြိမ်း(တည်မြဲ)တို့ ကွဲသွား သည်။ ဟိုဘက်သည်ဘက် လူသူလက်နက်စု ဆောင်း၍ မြေပေါ်မှာပင် ဖဆပလနှစ်ခြမ်းတို့ သွေးချောင်းစီး စာရင်းရှင်းပွဲလုပ်ကြတော့မည့် ဆဲဆဲ ဦးနုကိုယ်တိုင်လန့်ဖျပ်ပြီး ဗိုလ်ချုပ်ကြီး နေဝင်း၏တပ်မတော်အိမ်စောင့်အစိုးရကို ဝင်ထိန်း ခိုင်းခဲ့ရသည်။ အိမ်စောင့်အစိုးရက နိုင်ငံတည်ငြိမ် အောင်ဆောင်ရွက်ပေးပြီး၊ ၁၉၆ဝပြည့်နှစ်ဦးပိုင်း တွင် ရွေးကောက်ပွဲကျင်းပလာခဲ့သည်။ ဦးနု၏ သန့်ရှင်း ဖဆပလက နိုင်၍အာဏာလွှဲပေးသည်။ ဦးနု၏မထိန်းသိမ်းနိုင်မှုကြောင့် လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းများ ဆက်တိုက်ဖြစ်လာခဲ့ရ သည်။ တိုင်းရင်းသားလူမျိုးစု သူပုန်အဖွဲ့သစ် များတိုးလာသည်။ ၁၉၆၂ခုနှစ် မတ်လဆန်း ရှမ်း စော်ဘွားမူ၊ ရှစ်ပြည်နယ်မူ၊ ဖက်ဒရယ်မှုလှုပ်ရှား မှုကြီးဖြစ် ပြည်ထောင်စုကြီး ရှစ်စိတ်ကွဲ၊ ရှစ်နိုင်ငံ ခွဲ၊ နယ်ချဲ့စစ်အုပ်စု(ဆီးတိုး)က အာရှတစ်ခွင် ဗိုလ်ကျ စိုးမိုးစေမည့်အနေအထားရောက်လာ၍ တပ်မတော်ကနိုင်ငံတော်ကိုကာကွယ်ခဲ့ရပြန်သည်။
၁၉၆၂ခုနှစ် မတ်လတွင် တပ်မတော်က ဗိုလ် ချုပ်အောင်ဆန်း အသည်းအသန်စွဲလမ်း၊ ဆန္ဒ ပြင်းပြသော ဆိုရှယ်လစ်နိုင်ငံ တည်ဆောက်ရန် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ဖွဲ့စည်းပေးခဲ့သည်။ ၁၉၇၄ ခုနှစ် အခြေခံဥပဒေရေးဆွဲပေးခဲ့သည်။ ယင်း အခြေခံဥပဒေအရ ရွေးကောက်ခံရသော လမ်းစဉ် ပါတီအစိုးရလက်သို့ ၁၉၇၄ခုနှစ်မှာပင် တပ်မ တော်က နိုင်ငံတော်အာဏာလွှဲပေးခဲ့သည်။ ထို လမ်းစဉ်ပါတီအစိုးရ လက်ထက်တွင် လက်ဝဲ (ကွန်မြူနစ်)များနှင့် လက်ယာ(အရင်းရှင်နယ်ချဲ့ အုပ်စု)တို့ လျှို့ဝှက်ပူးပေါင်းကာ ဦးသန့်အရေး အခင်း၊ အလုပ်သမားအရေးအခင်း၊ မှိုင်းရာပြည့် ဆူပူမှုနှင့် ရှစ်လေးလုံးတိုင်းဆူပြည် ပျက်မှုကြီး ဖန်တီးခဲ့ရာ ပြည်ထောင်စုပြိုကွဲစပြုလာခဲ့သည်။ တိုင်းရင်းသားစည်းလုံးညီညွတ်မှုလည်း အိမ် မြှောင်ဇောက်ထိုးပြလာသည်။ပြည်ပမှစစ်သင်္ဘော ငါးစင်းအုပ်စု လည်း ကျူးဝင်လာနေပြီ။ ၁၈-၉-၈၈ရက်နေ့တွင် တပ်မတော်ကသာ ဝင်မကာ လျှင် မြန်မာတို့ ကျွန်ပြန်ဖြစ်ပြီ။ ကျွန်ပြန်မဖြစ်မီ ပြည်တွင်းစစ်မီးက မြေပေါ် အထိ ကူးစက် လောင် ကျွမ်းကာ ယနေ့ဆီးရီးယားထက် အခြေအနေ ပိုဆိုးမည်။
တပ်မတော်အစိုးရက ပြည်တွင်းငြိမ်းချမ်းရေး အရယူပေးခဲ့သည်။ အမေရိကန်၊ အီးယူနှင့် အပေါင်းပါတို့ ပိတ်ဆို့နှောင့်ယှက်သည့်ကြားမှ ပြည်ထောင်စုတစ်ဝန်းဘက်ပေါင်းစုံ တည် ဆောက်ပေးခဲ့သည်။ ဒီမိုကရေစီအခင်းအကျင်း ခုနစ်ဆင့် အကောင်အထည်ဖော်ပေးခဲ့သည်။ ပြည် သူ ၂၅ သန်းနီးပါးက ထောက်ခံမဲပေးအတည်ပြု သော ၂ဝဝ၈ ခုနှစ် အခြေခံဥပဒေပေါ်ထွန်းလာခဲ့ သည်။ ဒီကနေ့ြီူ အာဏာရလာနိုင်ခြင်းမှာ တောတွင်းဗကပကျေးဇူးလည်းမဟုတ်၊ အနောက် လက်ယာအရင်းရှင် (နယ်ချဲ့)တို့ ကျေးဇူးလည်း မဟုတ်၊ တပ်မတော်အစိုးရ(နဝတ၊ နယက)တို့ ကျေးဇူးကြောင့် ပေါ်ထွန်းလာသော ၂ဝဝ၈ အခြေခံဥပဒေ၏ ကျေးဇူးတရားကို အကြောင်း ရင်းခံပြီး ရလာသောအကျိုးရလဒ်ပင်ဖြစ်သည်။
သို့သော် တပ်မတော်သည် ဤမျှ ဦးနု ဖဆပလ၊ဦးနေဝင်း၏လမ်းစဉ်ပါတီတို့လက်ထက် မရနိုင်ခဲ့သော ပြည်တွင်းငြိမ်းချမ်းရေးကို အရယူ ပေးခဲ့သည်။ နောင်သမ္မတသက်တမ်း ၁ဝ ခုစာ မက တည်ဆောက်ရမည့် လမ်း၊ တံတား၊ ဆည်၊ တမံ၊ စာသင်ကျောင်း၊ တက္ကသိုလ်၊ ကောလိပ်၊ စက်မှုဇုန်များနှင့် စက်ရုံသစ်များ၊ ဈေးကွက်စီးပွား ရေးအခင်းအကျင်းများ၊ စက်မှုလယ်ယာအဆင့် မြှင့်တင်မှုများ လက်ဖျားခါလောက်အောင် တည် ဆောက်ပေးခဲ့သည်။ ဤသို့ လုပ်ဆောင်ပေးခြင်း သည် ၅၂ သန်းသော မြန်မာပြည်ထောင်စုသား တို့အကျိုး၊ ဗိုလ်ချုပ်အောင်ဆန်း တည်ထောင်ပေး ခဲ့သော စတုတ္ထမြန်မာနိုင်ငံတော်ဟု ခေါ်ရမည့် ပြည်ထောင်စုကြီး၊ ပြည်ထောင်စုဖွား မြန်မာ အားလုံးပိုင် အချုပ်အခြာအာဏာ(လွတ်လပ်ရေး) ကြီး ပျက်စီးလုနီးနီးလေးကြိမ် (၁) ၁၉၄၈-၄၉-၅ဝ ရန်ကုန်မြောက်ပိုင်းအစိုးရအခြေအနေဆိုးမှ တပ်က ကယ်တင်ခဲ့ရခြင်း၊ (၂) ၁၉၅၈-၅၉-၆ဝ ခက်ဖွယ်ရယ်ကြုံပါတယ်။ လက်နက်ကယ် စုံအညီနဲ့ဆိုသော ဖဆပလအကွဲချင်း မြေပေါ်၌ စစ်ခင်းမည့်ဘေးမှ တားဆီးကာကွယ်ပေးခဲ့ခြင်း၊ (၃) ၁၉၆၂ ခုနှစ် မတ်လရှမ်းစော်ဘွားအချို့နှင့် အနောက်စစ်အုပ်စု(ဆီးတိုး) အကောင်ထည်ဖော် ရန် မြန်မာနိုင်ငံကို ရှစ်စိတ်ခွဲမည့် ဖက်ဒရယ်မူ သံကောင်းဟစ် ပြည်ထောင်စုပြိုကွဲ၊ ကျွန်ဖြစ်ရေး ဘေးဆိုးမှ တပ်မတော်က ကာကွယ်ခဲ့ရပြန်ခြင်း၊ (၄) ရှစ်လေးလုံးဆူပူမှုတွင် မြန်မာချင်းခေါင်းဖြတ် မှု ၇ဝခန့်၊ ပြည်သူ့ပစ္စည်းဖောက်ထွင်း၊ လုယက်မှု များဖြင့် မင်းမဲ့စရိုက် လွှမ်းနေချိန်၊ ရွှေကြာပင် လူထု ခေါင်းဆောင်ဆိုသူများက ဘာဖြစ်ဖြစ် ကြားဖြတ် အစိုးရအာဏာပေးဟု ကုန်းအော်နေစဉ် အမေရိကန်ရေတပ်အုပ်စု ကျူးဝင်လာသည်ကို ဟန့်တားခြင်းတို့ ဆောင်ရွက်ခဲ့သည်။

ဤလေးကြိမ်လေးလားနိုင်ငံကို ကာကွယ် သော တပ်မတော်ကို ဗကပသူပုန်တို့က သူတို့ အာဏာရရေးလမ်းကြောင်း ပိတ်ဆို့၍ဆိုကာ ပြည်ပနယ်ချဲ့တို့က မြန်မာနိုင်ငံသူတို့လက် ပြန် ရောက်လုဆဲဆဲ လေးကြိမ်တိုင်တိုင် တပ်မတော် က ဝင်ရှုပ်သည်ဟု ယူဆမုန်းတီးကြသည်။ ဒါကြောင့် တပ်မတော်ကို နယ်ချဲ့တွေ ဗကပလို သောင်းကျန်းသူတွေ နယ်ချဲ့လက်ပါးစေတွေက မုန်းကြတာပေါ့၊ နယ်ချဲ့နောက်လိုက် ရူးမိုက်မိုက် လက်ဝေခံ၊ ပုဆိန်ရိုးတို့က စစ်အာဏာရှင်များ၊ စစ်အစိုးရဟု ပုတ်ခတ်ကြသည်။ ပြည်သူတို့က တပ်မတော်၏ တိုင်းကျိုးပြည်ဆောင်လုပ်ရပ်များ ကိုသိ၍ အခြေခံဥပဒေတွင် တပ်မတော်ကိုယ်စား လှယ် လေးပုံတစ်ပုံက ဥပဒေပြုရေး၊ အုပ်ချုပ်ရေး တို့၌ ထည့်ထားရန် လိုလားကြသည်။ ထို့ကြောင့် ၂ဝဝ၈ အခြေခံဥပဒေကို ပြည်သူ ၂၅ သန်းနီးနီး က ထောက်ခံမဲပေးခြင်းဖြစ်သည်။
ကျွန်တော်သည် သတင်းသိဖြင့် တပ်မတော် ကို နားလည်လက်ခံခဲ့သည်။ တပ်မတော်ကို စတင်တည်ထောင်သူမှာ ဒေါ်စု၏ဖခင် ဗိုလ်ချုပ် အောင်ဆန်းဖြစ်သည်။ ဗိုလ်ချုပ်က ဒုတိယကမ္ဘာ စစ်အပြီး နိုင်ငံရေးတာဝန်များဖြင့် လွတ်လပ်ရေး ပြန်ယူဖို့ အချိန်ပြည့်လှုပ်ရှားနေရသဖြင့် ဗိုလ်ချုပ် နေဝင်းကို တပ်မတော်အကြီးအကဲတာဝန် ပေးခဲ့ သည်။ ယနေ့နိုင်ငံက အားကိုးလောက်သော၊ ကြည်း၊ ရေ၊ လေ စစ်အင်္ဂါစုံ၊ အရည်ပြည့်တပ် မတော်ကို ဗိုလ်ချုပ်ကြီးနေဝင်းက ပျိုးထောင်မြှင့် ပေးခဲ့သည်။ နောင်ကာကွယ်ရေးဦးစီးချုပ် အဆင့် ဆင့် အထူးသဖြင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးတို့က အောင် ဆန်းခြေရာကို နင်း၊ နယ်ချဲ့ညွှတ်ကွင်းရှောင်၊ မြန်မာ့မြေတစ်လက်မတောင်မှ ပဲ့မပါအောင် ကြံ့ ခိုင်စွမ်းရည်ပြည့် ပြည်ထောင်စုတပ်မတော်ကို ဦး ဆောင်ခဲ့သည်။
ယနေ့တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းတို့ ဦးဆောင်မှုဖြင့် ပြည် ထောင်စုမြန်မာ့တပ်မတော်သည် နိုင်ငံတော် တည်ငြိမ်အေးချမ်း ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည် ထောင်စုနှင့် ပြည်သူကိုကာကွယ်ရေး၊ ပြည်သူတို့ တစ်ခဲနက် အတည်ပြုထားသော ၂ဝဝ၈ ခုနှစ် နိုင်ငံတော်ဖွဲ့ စည်းပုံအခြေခံဥပဒေကို ကာကွယ် ရေးတာဝန်များကို မဆုတ်မနစ် ဆောင်ရွက်ပေး နေသည်ကို တွေ့ရသည်။ နယ်ချဲ့နှင့် နယ်ချဲ့ နောက်လိုက်များက တပ်မတော်အပေါ် အဆဲ ကောင်းနေကြသလို၊ ပြည်ထောင်စုမြန်မာ့တပ်မ တော်ကလည်း နိုင်ငံနှင့်ပြည်သူတို့အပေါ် သစ္စာကို စောင့်သိလျက် တိုင်းကျိုးပြည်ကျိုးဆောင်နေ ပေသည်။
ယနေ့ နိုင်ငံရေးမုန်တိုင်း၊ နယ်ချဲ့ရေးဆူနာမီ များ ဖောက်ပြန်ထြ<ွကနေချိန်၊ ကုလသမဂ္ဂကို ¤င်း တို့အသုံးချရုံမှလွဲ၍ ကုလသမဂ္ဂ ပဋိညာဉ်စာချုပ် ကိုပင် ဂရုမစိုက်ဘဲ ကမ္ဘာပတ်ပြီး မွှေနေသော နယ်ချဲ့စစ်အုပ်စု၏ အန္တရာယ်သည် နိုင်ငံတိုင်း အပေါ် အချိန်မရွေးကျရောက်နိုင်ခြေရှိပေသည်။ ဤအခြေအေ နတွင် နိုင်ငံအပေါ်နိုင်ငံခြားပယောဂ၊ နိုင်ငံခြားသြဇာခံ၊ ကျပ်နိုင်ငံရေနှင့်မတင်းတိမ် ဒေါ်လာနိုင်ငံရေးနှင့်မှအားရသော ဝေလေလေ နိုင်ငံရေးသမားများ ကိုစိတ်မချ၊ပါတီစုံသည့်အပြင် ဝါဒစုံ၊ ရည်ရွယ်ချက် အတ္တကျိုးမျိုးစုံသော နိုင်ငံရေးလောကတွင် ကိုယ့်နိုင်ငံကိုယ့်လူမျိုး အပေါ် သစ္စာရှိရှိ၊ အမျိုးသားနိုင်ငံရေးအသိဖြင့် ကာကွယ်ပေးနိုင်သော မြန်မာ့အင်အားစုများကို ကျွန်တော်တို့ ရှာကြည့်မိသည်။ တွေ့ရသည့် အတိုင်းဆိုလျှင် တပ်မတော်သည် အမျိုးသားရေး ကို ကာကွယ်စောင့်ရှောက်နိုင်ဆုံး အင်အားစုဖြစ် ပေသည်။ ပြည်ခိုင်ဖြိုးအသင်းဘဝဖြင့် ၁၇နှစ် တာမျှ တိုင်းကျိုးပြည်ပြု လုပ်ငန်းများကို အသင်း ဝင် ၂၆သန်းအင်အားဖြင့် ပခုံးထမ်းပါဝင်ခဲ့သော ပြည်ထောင်စုကြံ့ခိုင်ရေးအသင်းကြီး (ယနေ့ ပြည် ခိုင်ဖြိုးပါတီ)သည် အမျိုးသားရေး ရပ်တည်ချက် မှန်သည်။ ပြည်ပသြဇာမခံ၊ ကျွန်စော်မနံသော ဒုတိယမြောက်အင်အားစုအဖြစ်အားထားယုံကြည် ထိုက်သည်။

တတိယမြောက် အမျိုးသားရေး သစ္စာရှိသော အင်အားစုကား ရှစ်လေးလုံးတွင် အပြုတ်နှံခံရပြီး ဦးချိုးဦးနှိမ်ခံထားရသည့် တိုင်း ရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည) ဖြစ်သည်။ ပြည်ခိုင်ဖြိုးကိုလည်း ယနေ့ တစည ကဲ့သို့ ဦးကျိုးအောင် ဝိုင်းဝန်းပုတ်ခတ် ချိုးနှိမ်နေ သည်ကိုတွေ့ရသည်။ မည်သို့ပင်ဖြစ်စေ ထိုအမျိုး သားရေး သစ္စာခံအင်အားစုများ၊ လွှတ်တော်များ၊ အစိုးရအဖွဲ့များတွင်ပါဝင်ပြီး ထိန်းသိမ်း၊ ထိန်းညှိ ပေးနိုင်ပါမှ နိုင်ငံအတွက် စိတ်ချရသည်။ ပြည် ထောင်စုနေ့စဉ်တွင် ဖော်ပြခဲ့သော မောင်စေတနာ ၏ ‘စစ်မှန်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ကို ဘယ်လိုတည်ဆောက်ကြမလဲ’ ဆောင်းပါး မှ အောက်ပါစာပိုဒ်အချို့ကို ကောက်နုတ်တင်ပြ ရင်း ကျွန်တော့်ဆောင်းပါးကို နိဂုံးချုပ်လိုက်ပါ သည်ခင်ဗျား။
”ရွေးကောက်ပွဲတွင် အများစုအနိုင်ရပြီး အစိုးရဖြစ်လာပြန်တော့လည်း NLD အနေနဲ့ ယခင်သဘောထားတွေကို လုံးဝမပြောင်းလဲ၊ ဖွဲ့ စည်းပုံအခြေခံဥပဒေနဲ့ တပ်မတော်အပေါ် အဆိုး မြင်သဘောထားဟာ ပို၍အားကောင်းလာပါ တယ်။ အမှန်စင်စစ် ဒီဖွဲ့စည်းပုံနဲ့တပ်မတော်ဟာ ရွေးကောက်ပွဲနဲ့တက်လာတဲ့ အစိုးရတိုင်း(ှီ့ဏ အစိုးရ၊NLD အစိုးရနဲ့ နောက်အစိုးရ)အား အာဏာသုံးရပ်လုံးကို တစ်ဖွဲ့၊ တစ်ပါတီပိုင်မဖြစ် စေဖို့၊ (အရပ်သားအာဏာရှင်တစ်ပါတီ အစိုးရ မဖြစ်စေဖို့) ထိန်းကျောင်းကာကွယ်ခြင်းဖြစ်ပါ တယ်။ ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေးအတွက် အဟန့်အတားမဟုတ်ပါ။ ဒါပေမဲ့ NLD အနေနဲ့ ဖွဲ့စည်းပုံနဲ့ တပ်မတော်ဟာ ဒီမိုကရေစီအတွက် အဟန့်အတားဖြစ်တယ်။ ဖွဲ့စည်းပုံပြင်ဆင်ပြီး တပ်မတော်ကို စစ်တန်းလျားပြန်ပို့နိုင်မှ စစ်မှန် တဲ့ဒီမိုကရေစီနိုင်ငံ ဖြစ်မယ်ဆိုတဲ့ အဆိုးမြင် (ငြညျိနအ)ရှိနေဆဲပါ။ ဒီသဘောထားကို လွှတ် တော်တွင် နိုင်ငံရေးနည်းလမ်းနဲ့ အကောင်အထည် ဖော်လို့မရနိုင်တဲ့ အခြေအနေကြောင့် လွှတ်တော် ပြင်ပ နိုင်ငံရေးနည်းနဲ့ ဆောင်ရွက်နိုင်ဖို့ (၂၁) ရာစုပင်လုံအစည်းအဝေးကို ကျင်းပတာဟာ နိုင်ငံ ရေးကွင်းပြောင်းကစားခြင်းဖြစ်တယ်လို့ မြင်ကြ တယ်”

”ဒီညီလာခံရည်ရွယ်ချက်တွင် ပြည်တွင်း ငြိမ်းချမ်းရေးက ဟန်ပြ၊ ဖက်ဒရယ်အကြောင်းပြ ချက်နဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး၊ တပ်မတော်စစ်တန်း လျားပြန်ပို့ရေးက အဓိကဖြစ်ပါတယ်။ ဒီအခြေ အနေတွေကြောင့် ပြည်သူတွေက ဒီညီလာခံကို ထောက်ခံကြိုဆိုကြခြင်းဟာ ပြည်တွင်းငြိမ်းချမ်း ရေးအတွက်ပါ။ ဖက်ဒရယ်နဲ့ဖွဲ့စည်းပုံပြင်ရေး၊ တပ်မတော်ဖယ်ရှားရေးနဲ့ လုံးဝမပတ်သက်ပါ”
”တပ်မတော်က ဒီမိုကရေစီလမ်းကြောင်း သစ်ကို ကိုယ်တိုင်လည်းဖောက် ကိုယ်တိုင်လည်း ဒီလမ်းကြောင်းလျှောက်နေပါတယ်။ ဒီလမ်း ကြောင်းပေါ် လျှောက်သူတိုင်းအား မိတ်ဖက်လို့ သဘောထားရှိတဲ့အတွက် ဒီမိုကရေစီကို လိုလား တဲ့ အမျိုးသားရေးအင်အားစု ဖြစ်ပါတယ်။ ဒီမို ကရေစီရေးအတွက် အဟန့်အတားမဟုတ်ပါ။ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာကလည်း အနာဂတ်စစ်မှန်သော ဒီမိုကရေစီရေးအတွက် အာမခံချက်ရှိပါတယ်။ အရပ်သားအာဏာရှင် တစ်ပါတီစနစ်ကို ဖြစ်ပေါ်စေတဲ့ ဒီမိုကရေစီ အတွက် မဟုတ်ပါ”


Leave a Reply