ရန်ကုန်မြောက်ပိုင်းခရိုင်ပါတီဝင်များမှ ပြုပြင်လှူဒါန်းခဲ့သော ပုဂံဒေသရှိ ဘုရားအမှတ် (၂၁၄၃) အနေကဇာတင် အခမ်းအနားကျင်းပ

ပုဂံပြည်ရှင် အနော်ရထာမင်း၊ ကျန်စစ်သားမင်းနှင့် မူလအလှူရှင်များအား ဦးထိပ်ထား၍  ရန်ကုန်မြောက်ပိုင်းခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် ခရိုင်အတွင်းရှိ (၈)မြို့နယ် ပါတီကော်မတီများနှင့် ပါတီဝင်များမှ ပြုပြင် လှူဒါန်းခဲ့သော ပုဂံဒေသရှိ ဘုရားအမှတ် (၂၁၄၃) အား အနေကဇာတင် အခမ်းအနားကို အောက်တိုဘာလ (၅) နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ပါသည်။

14570748_180501609024156_4404492187384604126_o

အခမ်းအနားသို့ ဘုရားအမှူးပြုသော ဆရာတော် အရှင်သူမြတ်များ ကြွရောက်တော်မူကြပြီး ငါးပါးသီလ ခံယူဆောက် တည်ကြကာ လှူဖွယ်ဝထ္တုပစ္စည်းများ ဆပ်ကပ်လှူဒါန်းခြင်းကို ဗဟိုကော်မတီဝင် (မြောက်ပိုင်းခရိုင်တာဝန်ခံ) ဦးတင်မောင်ဝင်း ဦးဆောင်၍ ခရိုင်ပါတီဥက္ကဌ ဦးတင်ယုနှင့် ခရိုင်ပါတီကော်မတီဝင်များ၊ ခရိုင်အတွင်းရှိ (၈)မြို့နယ် ဥက္ကဌများနှင့် ကော်မတီဝင်များ၊ ပါတီဝင်များမှ လှူဒါန်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

# ဇေယျာအောင်


Leave a Reply