ကျွန်းစုမြို့နယ်ပြည်ခိုင်ဖြိုးပါတီ စွမ်းရည်မြှင့်တင်ရေး (၁/၂၀၁၆) သင်တန်းဖွင့်လှစ်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ကြီးမှူး ဖွင့်လှစ် သည့် “စွမ်းရည်​မြှင့်တင်ရေး” သင်တန်း (၁/၂၀၁၆) ကို အောက်တိုဘာလ (၅)ရက် နံနက် (၈) နာရီအချိန်တွင် မြိတ်မြို့ရှိ တိုင်းပါတီတွင် ပြုလုပ်ကျင်းပခဲ့ရာ တိုင်းဒေသကြီးပါတီကော်မတီဝင် ဦးသိန်းလွင်နှင့် မြိတ်ခရိုင် ပါတီဥက္ကဌ ဦးဝင်းဆွေ တို့က သင်တန်းဖွင့် အမှာစကားပြောကြားခဲ့ပြီး ကျွန်းစုမြို့နယ်ပါတီဥက္ကဌ ဦးတင်စိုးက စွမ်းရည်​ မြှင့်တင်ရေးသင်တန်း (၁/၂၀၁၆) ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။

14590396_307056796343182_2770573258732924075_n

သင်​တန်းကို အောက်တိုဘာလ (၅) ရက် နံနက် (၉) မှ ညနေ (၃) နာရီအထိ ဖွင့်လှစ်ခဲ့ပြီး  သင်တန်းသို့ ကျွန်းစုမြို့နယ် ရပ်ကွက်နှင့်ကျေးရွာအုပ်စုများမှ စည်းရုံးရေးမှူးများနှင့် အမာခံပါတီဝင် သင်တန်းသူ/သင်​တန်းသား (၆၄)ဦးခန့် လေ့လာ တက်ရောက်ခဲ့ကြသည်။

သင်တန်းနည်းပြများအဖြစ် ကျွန်းစုမြို့နယ်ပါတီဥက္ကဌ ဦးတင်စိုး၊ ကော်မတီဝင် ဦးမြင့်အေး၊ မြိတ်မြို့နယ် ပါတီ ကော်မတီ ဦးကျော်လင်းနှင့် ဦးမြင့်သိန်း (အထက်​တန်းရှေ့နေ) တို့က ဘာသာရပ်အလိုက် ဆွေးနွေးသင်ကြား ပို့ချပေးခဲ့ကြောင်း သိရသည်။ # Kyaw Linn


Leave a Reply