မြစ်ကြီးနားမြို့နယ်နှင့် ရပ်ကွက်၊ကျေးရွာပါတီကော်မတီဝင်များ ရှေ့လုပ်ငန်းစဉ်များ ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနားမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါကော်မတီနှင့် ရပ်ကွက်/ကျေးရွာ ပါတီကော်မတီဝင်များ၊ ရှေ့ဆောင်စွမ်းအား လူမှုရေး အဖွဲ့ဝင်များ လစဉ်ပုံမှန်အစည်းအဝေးကို စက်တင်ဘာလ (၂၃) ရက် နေ့လည်(၁) နာရီတွင် မြို့နယ်ပါတီရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် ပါတီဗဟိုညီလာခံ (၂၀၁၆) ပါတီဥက္ကဋ္ဌကြီးဦးသိန်းစိန်၏ အဖွင့်မိန့်ခွန်း၊ ပါတီဥက္ကဋ္ဌသစ် ဦးသန်းဌေး၏ ကြိုဆိုနှုတ်ခွန်းဆက်စကား ကောက်နှုတ်ချက်များ ရှင်းပြောကြားခြင်း၊ ရှေ့လုပ်ငန်းစဉ် (၇)ရပ်အား ဖတ်ကြားကာ ရှေ့လုပ်ငန်းစဉ်များအပေါ် မိမိတို့မြို့နယ်က အကောင်အထည် ဖေါ်ဆောင်ရွက်သွားနိုင်မည့် နည်းလမ်းများ ဖေါ်ထုတ်ဆောင်ရွက်နိုင်ရေး၊ မိမိတို့ပါတီမှ တည်ထောင်ဆောင်ရွက်နေသည့် ရှေ့ဆောင်စွမ်းအား လူမှုရေး အဖွဲ့၏ ဆောင်ရွက်မှုများ တိုးတက်အောင်မြင်အောင် ဆောင်ရွက်နိုင်ရေး တို့အား ညှိနှိုင်းဆွေးနွေး ဆောင်ရွက်ခဲ့ကြသည်။

အစည်းအဝေးသို့မြို့နယ်ပါတီဥက္ကဋ္ဌဦးညွန့်ဝင်း၊ အတွင်းရေးမှူး ဦးလာပေါ်ဟူး၊ မြို့နယ်ကော်မတီဝင်များ၊ အရန်ကော်မတီဝင်များ၊ ရပ်ကွက်၊ ကျေးရွာ စည်းရုံးရေးမှူးနှင့် ကော်မတီဝင်များ၊ ရှေ့ဆောင်စွမ်းအားလူမှုရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခင်ဝင်းနှင့် ကော်မတီဝင်များ စုံညီစွာတက် ရောက်ခဲ့ကြကြောင်း သိရသည်။

# Nyunt Win


Leave a Reply