ရွှေပြည်သာမြို့နယ် ၊အမှတ်၂၃ ရပ်ကွက်တွင် ပါတီနှင့်ကင်းကွာနေသော ပါတီမိသားစုများအား တွေ့ဆုံပြီး ယနေ့ နိုင်ငံရေး အခြေအနေများအား တွေ့ဆုံဆွေးနွေးမှု့ဆောင်ရွက်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ရန်ကုန်တိုင်း ဒေသကြီး၊မဂ်လာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်၊အမှတ်၂၃ ရပ်ကွက်သို့ ဗဟိုနှင့်တိုင်းပါတီကော်မတီဝင်၊မဂ်လာဒုံခရိုင်နယ်မြေတာဝန်ခံ ဦးတင်မောင်ဝင်းနှင့် ခရိုင် ပါတီဥက္ကဋ္ဌ ဦးမျိုးမင်းနိုင်တို့၏ ဦးဆောင် ကြားမှု့ဖြင့် ယနေ့ နေ့လည်(၁:၀၀မှ၃:၃၀)နာရီအချိန်အထိ ပါတီနှင့်ကင်းကွာနေသော ပါတီမိသားစုများအားတွေ့ဆုံပြီယနေ့နိုင်ငံရေးအခြေအနေများအားအသွင်သစ်ဖြင့် တွေ့ဆုံဆွေးနွေးကာ လက်ရှိ ဖြစ်ပေါ်နေသည့် နိုင်ငံရေး အခြေအနေများ၊ ဒေသတွင်းအလုပ်အကိုင် အခွင့်လမ်း ရရှိရေး ကိစ္စရပ် များနှင့် ပါတီ၏ ရှေ့လုပ်ငန်း စဉ်များကို ဆွေးနွေးခဲ့သည်။

အဆိုပါ အသွင်သစ်နှင့်တွေ့ဆုံဆွေး နွေးမှုတွင် တက်ရောက် လာသူများက ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များနှင့် နိုင်ငံရပ်ခြား သွားရောက် အလုပ်လုပ်နေကြရခြင်းအကြောင်းအရာများနှင့် စိုက်ပျိုးရေး အခြေအနေများကို စိတ်ဝင် တစား ပါဝင် ဆွေးနွေးခဲ့ကြပါသည်။ အဆိုပါဆွေးနွေးပွဲသို့ မဂ်လာဒုံခရိုင်ပါတီအတွင်းရေးမှုး ဒေါ်ချမ်းမြအေး၊ ခရိုင်ပါတီဘဏ္ဍာရေးမှုး ၊ရွှေပြည်သာမြို့နယ် ယာယီပါတီဥက္ကဌ ဦးထွန်းထွန်းဦး နှင့် မြို့နယ်ကော်မတီဝင် စည်းရုံး ရေးရာ တာဝန်ခံ ဦးရဲဝင်းအောင်တို့မှ သွားရောက်ကာတက်ရောက်လာသူများနှင့်လိုအပ်သည်များကို ပြန်လည် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

ရွှေပြည်သာမြို့နယ် USDP  မီဒီယာ