မြိတ်မြို့၊ မြိတ်တောင်နယ်မြေ ပြည်ခိုင်ဖြိုးနာရေးကူညီမှု အသင်း (၁၆)ကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေး ပြုလုပ်

တနင်္သာရီတိုင်ဒေသကြီး ၊ မြိတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ မြိတ်တောင်နယ်ရပ်ကွက် ပြည်ခိုင်ဖြိုးနာရေးကူညီမှုအသင်း နှစ်ပတ်လည်နေ့ အခမ်းအနားကို စင်တင်ဘာလ ၂၅ရက် နေ့လည် ၁း၃၀ အချိန်တွင် မြိတ်တောင်နယ်မြေ၊ ဘုရားကိုင် ကျောင်းတိုက် ဓမ္မာရုံ၌ကျင်းပခဲ့သည်။

အခမ်းနားတွင် မြိတ်တောင်ရပ်ကွက် ပြည်ခိုင်ဖြိုးပါတီ နာရေးအသင်း၏ နာယက ၊မြိတ်ခရိုင် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးဝင်းဆွေ နှင့် မြိတ်မြို့နယ်ပါတီ ဥက္ကဌ ဦးမိုးမြင့်က အသင်းကြီး ရေရှည် တည်တံ့ခိုင်မြဲစွာ ဆက်လက်ရပ်တည် ဆောင်ရွက်နိုင်ရန်ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အဖွင့်အမှာစကား ပြောကြားပေးခဲ့သည်။

ထို့နောက် မြိတ်တောင်ရပ်ကွက် ပြည်ခိုင်ဖြိုး နာရေးအသင်း ဥက္ကဌ ဦးအုန်းမြင့်နှင့် အသင်းအဖွဲ့ ကော်မတီဝင်များက အသင်းရပ်တည်ဆောင်ရွက်ချက်များနှင့် နာရေးအတွက် ထောက်ပံ့များ ပေးအပ်ခြင်း ငွေကြေးဆိုင်ရာကိစ္စရပ်များအား စာရင်းဇယားများ နှင့်တကွ အသေးစိတ် ရှင်းလင်း ဖတ်ကြားပေးခဲ့ပြီး တက်ရောက်လာသူများ၏ တင်ပြဆွေးနွေးချက်များကိုအပေါ်း အသင်း ဥက္ကဌ ဦးအုန်းမြင့်က ပြန်လည်ရှင်းလင်းဖြေကြားပေးသည်။

အဆိုပါအခမ်းအနားကို ပြည်ခိုင်ဖြိုးပါတီမြိတ်ခရိုင် ဥက္ကဌ ဦးဝင်းဆွေ၊ ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင် မြိတ်မြို့နယ်ပါတီ ဥက္ကဌ ဦးမိုးမြင့် နှင့်မြိတ်မြို့နယ်ပါတီ ကော်မတီဝင်များ၊ မြိတ်တောင်ရပ်ကွက်ပြည်ခိုင်ဖြိုးနာရေးအသင်း ဥက္ကဌ ဦးအုန်းမြင့်နှင့် အသင်းကော်မတီဝင် များ၊အသင်းသူ အသင်းသားများ စုစုပေါင်း ၂၀၀ဦးခန့် တက်ရောက်ခဲ့ကြ ကြောင်းသိရသည်။

ကျော်လင်း


Leave a Reply