ရာဇသင်္ဂဟဖောင်ဒေးရှင်းမှ ပုလဲမြို့နယ်ရှိ အသက်ရာကျော် အဘိုးအဘွားများအတွက် အလှူငွေနှင့် ဆေးဝါးအဟာရများ လှူဒါန်း

14368633_1695123777473637_1093689431412086383_n

နိုင်ငံတော်သမ္မတ(ငြိမ်း) ဦးသိန်းစိန် နာယကအဖြစ် ဖွဲ့စည်းတည်ထောင် ထား သည့် “ရာဇသင်္ဂဟဖောင်ဒေးရှင်း” (ကိုယ်စား) စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဌ၊ ခရိုင် ပါတီအတွင်းရေးမှူးနှင့် ခရိုင်ပါတီကော်မတီဝင်များ၊ ပုလဲမြို့နယ် ပါတီဥက္ကဌ၊ မြို့နယ်ပါတီအတွင်းရေးမှူးနှင့် ပုလဲမြို့နယ် ပါတီကော်မတီဝင်များက စက်တင်ဘာ လ (၁၉) ရက် နံနက်ပိုင်းက ပုလဲမြို့နယ် သင်တီးကန်ရွာနေ အသက်(၁၀၂) နှစ်ရှိ အဘဦးစံရင် ထံသို့ လည်းကောင်း၊၊ နေ့လည်ပိုင်းတွင် ကြောင်သန်းရွာနေ အသက် (၁၀၃) နှစ်ရှိ အဖွားဒေါ်ဖွားရှိန် ထံသို့ လည်းကောင်း၊ ခေါ်သန္တီကျေးရွာနေ အသက် (၁၀၁) နှစ်ရှိ အဖွားဒေါ်ငွေမြိုင် ထံသို့လည်းကောင်း “ရာဇသင်္ဂဟဖောင်ဒေးရှင်း” မှ လှူဒါန်းငွေ ကျပ် နှစ်သိန်းစီနှင့် ဆေးဝါးအာဟာရ ဓာတ်စာများကို သွားရောက်လှူဒါန်း ကန်တော့ခဲ့ကြကြောင်း သိရသည်။

# Ko Aung Myint Oo


Leave a Reply