ဘားအံမြို့နယ် ပြည်ခိုင်ဖြိုးပါတီက ရေကြီးနစ်မြှုပ်မှု ခံစားနေရသူများအား ဆန်နှင့်ဆီအခမဲ့ဝေငှ

 

ဘားအံ သြဂုတ်လ

ကရင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းနီနီအေး၊ ပြည်နယ်ပါတီ ကော်မတီ ဝင် ဦးဝင်းတင်၊ ဒေါ်စန္ဒာဦး၊ ဦးစောမြင့်ဝင်းအောင်၊ ဘားအံမြို့နယ် ပါတီဥက္ကဋ္ဌ ဦးစောစိန်ဝင်း၊ ပြည်နယ် လူငယ်လှုပ်ရှား မှုအဖွဲ့ခေါင်းဆောင် ဒေါ်ခင်နီနီအောင်နှင့် လူငယ်ပါတီဝင်များသည် ယမန်နေ့ နံနက်ပိုင်းက ဘားအံမြို့ အမှတ် (၅) ရပ်ကွက်တွင် ရေကြီးနစ်မြှုပ်နေသော အိမ်ခြေ ၁ဝဝ၊ ညနေ ပိုင်း ၄ နာရီခွဲတွင် ဘားအံမြို့ အမှတ် (၁) ရပ်ကွက်၊ အမှတ် (၂) ရပ်ကွက် ကော့မော်ရှိ ရေကြီးနစ်မြှုပ်နေသော အိမ်ခြေ ၅ဝဝ ခန့်အား တစ်အိမ် လျှင် ဆန်သုံးပြည်နှင့် ဆီတစ်ဘူး စီစုစုပေါင်းတန်ဖိုးငွေကျပ် သိန်း ၃ဝ ခန့်အား ရေကြီးနစ်မြှုပ်ခံစား နေရသော ပြည်သူများထံလက် ဝယ်အရောက် လိုက်လံဝေငှပေး လျှက်ရှိကြောင်း သိရသည်။ခင်နီနီအောင်