ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးသန်းဌေး ပါတီကိုယ်စားပြု လွှတ်တော် ကိုယ်စားလှယ်များနှင့် တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဦးသန်းဌေး နှင့် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် (၁၅) ဦးသည် စက်တင်ဘာ (၁၉) ရက် ညနေပိုင်းတွင် ပါတီကိုယ်စားပြု ပြည်သူ့ လွှတ်တော်၊ အမျိုးသားလွှတ်တော်တို့မှ ကိုယ်စားလှယ် (၃၅) ဦး အား ရင်းနှီးပွင့်လင်းစွာ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

14364641_430927953749004_2028693993371632637_n 14322450_430927993749000_1306411497182190302_n

တွေ့ဆုံပွဲတွင် ပါတီဥက္ကဌ ဦးသန်းဌေးမှ မိမိတို့နိုင်ငံအတွက် တိုင်းရင်းသားလူမျိုးများအတွက် ရှေးရှု့ပြီး အမျိုးသားရေး တိုင်းပြည်လုံခြုံရေးတို့အတွက် ပါတီကိုယ်စားပြု လွှတ်တော် ကိုယ်စားလှယ်များမှ လွှတ်တော်တွင်းနိုင်ငံရေးကို ယခုထက် ပိုမိုကြိုးစား အားထုတ်ပေးစေ လိုကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်ကြီးများအနေဖြင့် လွှတ်တော်တွင်း ဆွေးနွေး ပြောဆိုမှုများကို အားရကျေနပ်သော်လည်း အချို့သော အချက်အလက်များကို ပြောခွင့် မရသည့် အချက်များလည်းရှိနေသည်ကို သိရပါကြောင်း၊ ထိုအချက်များကို ပြည်သူလူထု သိရှိစေရန် ပြည်ထောင်စုနေ့စဉ် သတင်းစာတွင် မပြောဖြစ်သောစကားများဟု ခေါင်းစဉ် တပ်ပြီး ဖော်ပြပေးလျက်ရှိပါကြောင်း၊ ပါတီဥက္ကဌအပါအဝင် ကျန် ပါတီဝင်ထု တစ်ရပ်လုံးမှ လွှတ်တော်ပြင်ပနိုင်ငံရေးကိုလည်း အားစိုက်ခွန်စိုက် ဆောင်ရွက်နေပါကြောင်း ဆွေးနွေး ပြောကြားခဲ့ပြီး ညနေ ၆ နာရီ ၁၅ မိနစ်တွင် တွေ့ဆုံပွဲ ပြီးစီးခဲ့ကြောင်း သိရှိရသည်။


Leave a Reply