တိုင်း၊ ခရိုင်၊ အိမ်မဲမြို့နယ်ပါတီကော်မတီနှင့် ရပ်/ကျေးပါတီကော်မတီဝင်များ တွေ့ဆုံပွဲကျင်း

ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီရုံး အစည်းဝေးခန်းမ၌ တိုင်း၊ ခရိုင်၊ မြို့နယ်ပါတီကော်မတီနှင့် ရပ်/ကျေး ပါတီကော်မတီများ တွေ့ဆုံပွဲ အခမ်းအနားကို စက်တင်ဘာလ (၁၅) ရက် နံနက် (၁၀) နာရီအချိန်က ပြုလုပ်ခဲ့ရာ ဗဟိုပါတီကော်မတီဝင်၊ တိုင်းပါတီ ကော်မတီဝင် ဒေါက်တာဋ္ဌေးဝင်း၊ ခရိုင်ပါတီအတွင်းရေးမှူး ဦးအောင်မြင့်၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးခင်မောင်ဝင်း၊ မြို့နယ်ပါတီအတွင်းရေးမှူး၊ ဘဏ္ဌာရေး မှူး နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ အရံပါတီကော်မတီဝင်များ၊ ရပ်/ကျေး စည်းရုံးရေးမှူးများ စုစုပေါင်း အင်အား (၁၃၈) ဦး တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ၂၃ နှစ်ပြည့် ပြည်ခိုင်ဖြိုး နှစ်ပတ်လည်အခမ်းအနား၊ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားနှင့်ပတ်သက်၍ ပါတီဥက္ကဋ္ဌက ဆွေးနွေးပြောကြားခဲ့ပြီး ယခုနှစ် ရေဘေးကျရောက်သည့် ပန်းတနော်မြို့နယ် သို့ သွားရောက်ကူညီပေးခဲ့သည့် မြို့နယ်လူငယ်ရေးရာအဖွဲ့အား ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြောင်း သိရသည်။

USDP – Einme

ဧရာဝတီပြည်ခိုင်ဖြိုး


Leave a Reply