မြန်အောင်ပြည်ခိုင်ဖြိုးပါတီ နယ်မြေကွင်းဆင်း၍ တိုက်နယ်အလိုက် ဆွေးနွေးပွဲများပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မြို့နယ်ပါတီကော်မတီဝင်များသည် ယမန်နေ့က တောင်ရိုးတိုက် နယ်အတွင်းရှိ ကျေးရွာအုပ်စုများ သို့သွားရောက်ပြီး ကျေးရွာအုပ်စု အမာခံပါတီဝင်များနှင့် တွေ့ဆုံကာ ပါတီ၏ ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြသည်။

ပထမဦးစွာ မကျီးကုန်းကျေး ရွာအုပ်စု၊ ငှက်ကြီးကွင်းကျေးရွာအုပ်စု၊ ထိန်သေးကြီးကျေးရွာ အုပ်စုနှင့် သဲဘို့ကျေးရွာအုပ်စုများမှ စည်းရုံးရေးမှူးနှင့်အဖွဲ့ဝင်များအား မကျီးကုန်းကျေးရွာ တွင်တွေ့ဆုံကာ နယ်မြေဒေသ အခြေအနေများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပြီး ရွာသစ်ကုန်းကျေးရွာတွင် မရွေးကုန်းကျေးရွာအုပ်စုနှင့် ညောင်ချင်ကျေးရွာအုပ်စုတို့ကို တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

မွန်းလွဲပိုင်းတွင် စမ်းရွာကြီးကျေးရွာအုပ်စုနှင့် ဘန့်ဘွေးကုန်း ကျေးရွာအုပ်စုတို့ကို သပြေကုန်း ကျေးရွာတွင် တွေ့ဆုံခဲ့ကြပြီး ညနေပိုင်းတွင် ညောင်ခုံကျေးရွာ၌ မျှင်ဝါးတောင်ကျေးရွာအုပ်စု နှင့် ငါးဘတ်ကျကျေးရွာအုပ်စုတို့မှ အမာခံ ပါတီဝင်များနှင့် တွေ့ဆုံခဲ့ကြသည်။

မြန်အောင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီသည် မြို့နယ်ပါတီကော်မတီဝင်များ အစည်းအဝေးကို လစဉ် ၃ ရက်နေ့တိုင်း ကျင်းပလျက်ရှိပြီး ရပ်/ကျေးများနှင့် အစည်းအဝေးများကို တိုက်နယ် များအလိုက် ကျေးရွာများသို့ သွားရောက်ကာ လစဉ်ပြုလုပ်သွားမည်ဖြစ်ကြောင်း တာဝန်ရှိသူ တစ်ဦးက ပြောသည်။


Leave a Reply