ဟောင်ကောင်ခွဲထွက်ရေး ထောက်ခံသူ မည်သူမဆို အပြစ်ပေးခံရနိုင်ဟု တရုတ်အစိုးရ သတိပေး

ဟောင်ကောင်ဥပဒေပြုကောင်စီမှာဖြစ်စေ ပြင်ပမှာဖြစ်စေ လွတ်လပ်ရေးလှုပ်ရှားမှုမှန်သမျှကို ပြတ်ပြတ်သားသား ဆန့်ကျင်မယ့်သဘောထားကို တရုတ်အစိုးရက ရှင်းလင်းစွာသတိပေးလိုက်ပါတယ်။ ဟောင်ကောင်ခွဲထွက်ရေးကို ထောက်ခံအားပေးသူ မည်သူမဆို အပြစ်ပေးခံရနိုင်တယ်လို့ တရုတ်အစိုးရက သတိပေး လိုက်ကြောင်း နိုင်ငံပိုင် သတင်းဌာနက ပြောပါတယ်။

Hongkonk

ဟောင်ကောင်ရွေးကောက်ပွဲမှာ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ လူငယ်ခေါင်းဆောင်များ အနိုင်ရရှိပြီး ဥပဒေပြုရေးကောင်စီ (Legislative Council – LegCo) မှာ နေရာရလာပြီးနောက် တရုတ်အစိုးရရဲ့ သတိပေး စကား ထွက်ပေါ်လာတာဖြစ်ပါတယ်။

ဟောင်ကောင်ဥပဒေပြုကောင်စီမှာဖြစ်စေ ပြင်ပမှာဖြစ်စေ လွတ်လပ်ရေး လှုပ်ရှားမှုမှန်သမျှကို ပြတ်ပြတ်သားသား ဆန့်ကျင်မယ့်သဘောထားကို တရုတ်အစိုးရက ရှင်းလင်းစွာသတိပေးလိုက်တာလည်း ဖြစ်ပါတယ်။ ဟောင်ကောင် မှာနေထိုင်သူ အများအပြားက တရုတ်အစိုးရဲ့ နိုင်ငံရေးကြားဝင်စွက်ဖက်မှုများအပေါ် စိုးရိမ်လျက် ရှိပါတယ်။

စက်တင်ဘာ ၄ ရက်က ပြုလုပ်ခဲ့တဲ့ ဟောင်ကောင်ရွေးကောက်ပွဲမှာ ဥပဒေပြုကောင်စီရဲ့ အမတ်နေရာ ၇၀ အနက် ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားပြီး တရုတ်အစိုးရဲ့ချုပ်ကိုင်မှုကို မလိုလားသူ လူငယ်များအပါအဝင် ကိုယ်စား လှယ် ၃၀ က အနိုင်ရခဲ့ပါတယ်။ ယခင် ရွေးကောက်ပွဲမှာ ၂၇ ဦးသာ အနိုင်ရရှိခဲ့ရာကာ တိုးမြင့်လာခဲ့တာလည်း ဖြစ်ပါတယ်။

ဥပဒေပြုကောင်စီမှာ ဒီမိုကရေစီထောက်ခံသူ ၃၀ အထိ ပါဝင်လာခြင်းကြောင့် အခြေခံဥပဒေဆိုင်ရာ ပြောင်းလဲမှု တွေကို ဗီတိုအာဏာဖြင့် ပယ်ချနိုင်ခွင့် ရှိလာခဲ့ပါ တယ်။ ယခုရွေးကောက်ပွဲမှာ တရုတ်လက်အောက်မှ ဟောင်ကောင် ခွဲထွက်ရေး ထောက်ခံအားပေးသူ လူငယ်နိုင်ငံရေးသမား အနည်းဆုံး ၆ ဦး အနိုင်ရရှိပြီး ဥပေဒပြုကောင်စီမှာ ပါဝင်ခွင့်ရလာခဲ့ကြောင်း သိရပါတယ်။

Source & Photo: BBC, Reuters

# Duwun


Leave a Reply