တရုတ်သင်္ဘောတွေ ဖြတ်သန်းမှု ဂျပန် ကန့်ကွက်

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအဘေးနဲ့ တရုတ် သမ္မတ ရှီကျင့်ဖျင် တို့ကို ၂ဝ၁၈ ခုနှစ် စက်တင်ဘာလ ၁၂ ရက်နေ့က ရုရှားနိုင်ငံ Vladivostok မြို့မှာ တွေ့ရစဉ်)

Photo: JIJI PRESS / Japan Pool via Jiji Press / AFP

ပစိဖိတ်ပင်လယ်ပြင်အတွင်း တရုတ်နဲ့ ဂျပန် အငြင်းပွားနေကြတဲ့ ကျွန်းစုတွေအနီးမှာ တရုတ် သင်္ဘောတွေ ဖြတ်သန်းသွားခဲ့တဲ့အပေါ် ဂျပန်က တရားဝင်ကန့်ကွက်လိုက်ပါတယ်။

လာမယ့်သီတင်းပတ်အတွင်း ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအဘေး တရုတ်ပြည်ကို သွားရောက်ပြီး သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံဖို့ရှိနေစဉ်အတွင်း သင်္ဘောကိစ္စပေါ်ပေါက်လာတာပါ။  ရှင်ဇိုအဘေးရဲ့ အဲဒီခရီးစဉ်ဟာ ပြီးခဲ့တဲ့ ၇ နှစ် အတွင်း ဂျပန်ခေါင်းဆောင်တစ်ဦး တရုတ်ပြည်ကို ပထမဆုံး သွားရောက်တဲ့ခရီးဖြစ်ပါတယ်။

အငြင်းပွားနေတဲ့ ကျွန်းစုတွေအနီးကို တရုတ်က ကမ်းခြေစောင့် သင်္ဘောတွေ ပုံမှန်စေလွှတ်နေပြီး၊ တခါတရံ စစ်သင်္ဘောတွေကိုပါ စေလွှတ်လေ့ရှိပါတယ်။

-Ref; RFA