ကနေဒါနိုင်ငံက AIIB အဖွဲ့ဝင်ဖြစ်ရန် လျှောက်ထားမှု တရုတ်ကြိုဆို

14183793_1089738304452389_1007738990440243017_n

ပေကျင်း သြဂုတ် ၃၁

အာရှအခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုဘဏ်(AIIB) အဖွဲ့ဝင်နိုင်ငံဖြစ်ရေး လျှောက်ထားရန် ကနေဒါနိုင်ငံ၏ ဆုံးဖြတ်ချက်ကို တရုတ်နိုင်ငံက ကြိုဆို ထောက်ခံကြောင်း တရုတ်သမ္မတ ရှီကျင့်ဖျင်က သြဂုတ် ၃၁ ရက်တွင် ပြောကြားသည်။

တရုတ်နိုင်ငံက ကနေဒါနိုင်ငံနှင့် ဆက်သွယ်မှု ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်ရန် ဆန္ဒရှိကြောင်း၊ အပြန်အလှန်ကုန်သွယ်မှုမြှင့်တင်ရေးအပါအဝင် ရာသီဥတု ပြောင်းလဲလာမှုပြဿနာများ၊ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး လုပ်ငန်းစဉ်များ၊ ရေကြောင်းလုံခြုံမှု ကာကွယ်ရေးလုပ်ငန်းစဉ် နယ်ပယ်ကဏ္ဍများတွင် နက်နက် ရှိုင်းရှိုင်း ပူးပေါင်း ဆောင်ရွက်ရန် ဆန္ဒရှိကြောင်း ရှီကျင့်ဖျင် က တရုတ်နိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသည့် ကနေဒါဝန်ကြီးချုပ် ဂျက်စတင်ထရူဒိုနှင့် တွေ့ဆုံစဉ် ပြောကြားသည်။

ပေကျင်းမြို့၌ သြဂုတ် ၃၁ ရက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ကနေဒါ ဘဏ္ဍာရေးဝန်ကြီး ဘီလ်မိုနာက ကနေဒါနိုင်ငံ၏ AIIB အဖွဲ့ဝင်နိုင်ငံဖြစ်ရန် လျှောက်ထားရေးဆုံးဖြတ်ချက်ကို ထုတ်ပြန်ကြေညာခဲ့သည်။

ကနေဒါနှင့် တရုတ်နိုင်ငံတို့အကြား အဆင့်မြင့် အရာရှိများ အပြန်အလှန်သွားလာလည်ပတ်မှု ပိုမို တိုးမြှင့်ရန် ရှီကျင့်ဖျင်က တောင်းဆိုခဲ့သည်။ နှစ်နိုင်ငံ ခေါင်းဆောင်များသည် နယ်ပယ်စုံကဏ္ဍစုံတွင် ဆက်သွယ် ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်သင့်ကြောင်း လည်း ရှီကျင့်ဖျင်က ပြောကြားသည်။

ထရူဒို၏ ယခုခရီးစဉ်သည် ၂ဝ၁၅ ခုနှစ် နိုဝင်ဘာလတွင် ဝန်ကြီးချုပ်အဖြစ်စတင် တာဝန်ယူစဉ်ကတည်းက ၎င်း၏ ပထမဆုံး တရားဝင်ခရီးစဉ်ဖြစ်သည်။ ၎င်း၏ ဖခင် ကနေဒါဝန်ကြီးချုပ်ဟောင်း ပီရာ ထရူဒိုသည် တရုတ်နှင့် ကနေဒါနိုင်ငံတို့ သံတမန်ဆက်သွယ်မှုစတင်တည်ထောင် ပြီးနောက် တရုတ်နိုင်ငံသို့ ပထမဆုံး လာရောက်သည့် ကနေဒါ ဝန်ကြီးချုပ်ဖြစ်သည်။ ထရူဒိုသည် ပေကျင်းတွင် လည်ပတ်ပြီးနောက် ဟန်ကျိုးတွင်ကျင်းပမည့် ဂျီ -၂ဝ ထိပ်သီး အစည်းအဝေးကို တက်ရောက်မည် ဖြစ်သည်။

(ဆင်ဟွာ)


Leave a Reply