ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ကာဂျစ်စတန်ရှိ တရုတ် နိုင်ငံသားများအား သတိပေးချက်ထုတ်ပြန်

ကာဂျစ်စတန်နိုင်ငံ၏ မြို့တော်ဘီရှက်ရှိ တရုတ်သံရုံးဂိတ်ပေါက်ကို အသေခံကားဗုံးခွဲသူတစ်ဦးက ၀င်တိုက်ခဲ့ ပြီးနောက် ယင်းနိုင်ငံတွင်ရှိနေသော တရုတ် နိုင်ငံသားများ ပြင်ပသို့ သွားလာ ခြင်းနှင့် လူထူထပ်သော နေရာများသို့ လည်ပတ်ခြင်းများမှ ရှောင်ရှားကြရန် တရုတ်အစိုးရက အကြံပြုခဲ့သည်။

ယမန်နေ့က ဖြစ်ပေါ်ခဲ့သော ပေါက်ကွဲမှုတွင် တိုက်ခိုက်သူအ ပါအ၀င် အနည်းဆုံး အခြားလူ သုံးဦး ဒဏ်ရာရရှိခဲ့ပြီး ယင်းမှာ အကြမ်းဖက်တိုက်ခိုက်မှု လုပ်ရပ် ဖြစ်သည်ဟု နှစ်နိုင်ငံအရာရှိများက ပြောသည်။

တရုတ်နိုင်ငံသားနှင့် အဖွဲ့အစည်းများကို အကာအကွယ်ပေးရန် အစိုးရက ကာဂျစ်စတန် နိုင်ငံထံ တောင်းဆို ထားကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ၏ ၀က်ဘ်ဆိုက် ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

ကာဂျစ်စတန်နိုင်ငံသို့ သွားရောက်မည့်သူများ သတိထားကြရန်နှင့် ယင်းနိုင်ငံတွင် ရောက်ရှိနေသူများ နိုးကြားစွာ သတိရှိကြရန် သံရုံးက အကြံပြုသည်ဟု နိုင်ငံခြားရေး ၀န်ကြီးဌာနက ပြောသည်။

တိုက်ခိုက်မှုအပေါ် ကာဂျစ် စတန်အစိုးရက စုံစမ်းစစ်ဆေးနေသည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောသည်။

တိုက်ခိုက်မှု ပြုလုပ်ခဲ့သော လူပုဂ္ဂိုလ် အဖွဲ့အစည်းများကို ဖော်ထုတ်ရေး တိတိကျကျ သိရှိရန် ကာဂျစ်စတန်နှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဟု ပြောခွင့် ရအမျိုးသမီး ဟာချွန်ယင်းက ပြောကြားသည်။

—Ref: Reuters


Leave a Reply