နိုင်ငံခြားသားခရီးသည်များအတွက် မန္တလေး-ပုဂံအမြန်ရေယာဉ် စက်တင်ဘာ ၁ ရက်မှစတင်၍ ပြေးဆွဲမည်

MGRG အုပ်စုမှ ခရီးသွားရာသီချိန်တွင် နိုင်ငံခြားသားခရီးသွားဧည့်သည်များအား မန္တလေး-ပုဂံ အသွားအပြန် အမြန်ရေယာဉ်ခရီး ပြေးဆွဲပေးလျက်ရှိရာ ယခုနှစ် ခရီးသွားရာသီအတွက် စက်တင်ဘာ (၁) ရက်မှစတင်၍ နေ့စဉ်ပြေး ဆွဲပေးမည်ဖြစ်ကြောင်း သိရသည်။

အထက်မြန်မာပြည် မန္တလေးခရီးစဉ် လာရောက်သည့် နိုင်ငံခြားသားခရီးသွားဧည့်သည်များမှာ မန္တလေးမှ ပုဂံမြို့ သို့သွားရောက်မှုရှိရာ ခရီးသွားဧည့်သည်များ သက်သောင့်သက်သာ လိုက်ပါစီးနင်းနိုင်ရန်နှင့် ဧရာဝတီမြစ် ရှုခင်းများကို လေ့လာကြည့်ရှုနိုင်ရန် MGRG အုပ်စုမှ သီးသန့်ခရီးစဉ်အဖြစ် ပြေးဆွဲပေးခြင်းဖြစ်သည်။

“မန္တလေး-ပုဂံခရီးစဉ်ကို သြဂုတ် ၉ ရက်ကစပြီး တစ်ရက်ခြားပြေးဆွဲပေးတယ်။ ခရီးသွားရာသီအစဆိုတော့ ခရီးသည်နည်းပါးသေးတယ်။ ပုဂံငလျင်ကြောင့် ခရီးသွားစီးသူ နည်းသွားရာက ဒီရက်ပိုင်းပိုများလာတယ်။ ဒီနှစ်က ကမ္ဘာကျော်ပုဂံဒေ သငလျင်ဒဏ်ခံရမှုကို စိတ်ဝင်စားကြလို့ နိုင်ငံခြားသား ခရီးသွားဧည့်သည် ပိုမိုလာရောက်မယ် လို့ခန့်မှန်းပါတယ်” ဟု MGRG Cruise အမြန်ရေယာဉ်အုပ်စု မန်နေဂျင်းဒါရိုက်တာ ဦးဇော်ဝင်းသန်း ကပြောသည်။

မန္တလေး-ပုဂံခရီးစဉ်ကို နံနက် ၇ နာရီမှစတင်ထွက်ခွာရာ ပုဂံမြို့သို့ ညနေ ၄ နာရီတွင် ဆိုက်ရောက်ပြီး ပုဂံ-မန္တလေးခရီးစဉ်ကို နံနက် ၅ နာရီခွဲမှ စတင်ထွက်ခွာရာ ညနေ ၄ နာရီအချိန် မန္တလေးဆိပ်ကမ်းသို့ ဆိုက် ရောက်သည်။

စက်တင်ဘာ ၁၇ ရက်မှစတင်၍ နိုင်ငံခြားသားခရီးသည် တစ်ဦးလျှင် မန္တလေး-ပုဂံခရီး ၄၂ ဒေါ်လာ၊ ပုဂံ- မန္တလေးခရီး ၃၂ ဒေါ်လာဖြင့် ပြေးဆွဲမည်ဖြစ်ရာ ပြည်တွင်းခရီးသွားဧည့်သည်များကို အသွား ကျပ် ၂၅၀၀၀၊ အပြန် ကျပ် ၂၅၀၀၀ ဖြင့် စီးနင်းလိုက်ပါခွင့်ပြုမည်ဖြစ်သည်ဟု သိရသည်။

#Democracytoday

 


Leave a Reply