တရုတ်ကွန်မြူနစ်ပါတီညီလာခံမကျင်းပမီ ပါတီရာထူးနေရာများ၌ အပြောင်းအလဲပြုလုပ်

ပေကျင်း သြဂုတ် ၃ဝ

တရုတ်နိုင်ငံ၌ လာမည့်နှစ်တွင် ပါတီညီလာခံကို ကျင်းပရန်ရှိနေစဉ် ကွန်မြူနစ်ပါတီ၏ ပြည်နယ်အဆင့် ပါတီ ခေါင်းဆောင်နေရာ သုံးနေရာအတွက် ရာထူးနေရာ အပြောင်းအလဲများ ပြုလုပ်ရန် သမ္မတ ရှီကျင့်ဖျင် က ညွှန်ကြားလိုက်ကြောင်း ဒေသဆိုင်ရာသတင်းဌာနများက သြဂုတ် ၃ဝ ရက် တွင် သတင်းထုတ်ပြန်သည်။

တရုတ်နိုင်ငံ၌ အာဏာရကွန်မြူနစ်ပါတီ၏ ပါတီညီလာခံကို ငါးနှစ်လျှင် တစ်ကြိမ်ကျင်းပသည်။ လာမည့် ဆောင်းဦးပေါက်ရာသီ၌ ကျင်းပမည်ဟု မျှော်လင့်ရသော ပါတီညီလာခံတွင် သမ္မတရှီကျင့်ဖျင်က ၄င်း၏ အာဏာ ပိုင်စိုးမှု ခိုင်မြဲစေရေးအတွက် ကြိုးပမ်းမည်ဟု နိုင်ငံရေးလေ့လာသူများက ပြောကြားကြသည်။ သမ္မတရှီသည် အဖွဲ့ဝင်၂၅ဦးပါ နိုင်ငံရေးဦးဆောင်အဖွဲ့ (ပေါ်လစ်ဗျူရို)နှင့် အဖွဲ့ဝင်ခုနစ်ဦးပါ ပေါ်လစ်ဗျူရိုအမြဲတမ်းကော်မတီတို့ တွင် ၄င်း၏ မဟာမိတ်များပါဝင်ခွင့်ရရှိခြင်းအတွက် ကြိုးပမ်းမည်ဟု မျှော်လင့်ရသည်။

ကွန်မြူနစ်ပါတီ၏ အကြီးအကဲလည်းဖြစ်၊ စစ်ရေးစစ်ရာအကြီးအကဲ လည်းဖြစ်သူရှီသည် ပေါ်လစ်ဗျူရို အမြဲတမ်း ကော်မတီကို ဦးဆောင်လျက်ရှိသည်။ အဆိုပါ ကော်မတီသည် တရုတ်နိုင်ငံ၏ အာဏာပိုင်အဖွဲ့အစည်းများအနက် အမြင့်ဆုံးအဖွဲ့အစည်းတစ်ရပ်ဖြစ်သည်။

တရုတ်နိုင်ငံ၏အရေးကြီးသော ပြည်နယ်များ၏ ပါတီအကြီးအကဲ ရာထူးနေရာများနှင့် အစိုးရအဖွဲ့ဆိုင်ရာ ရာထူး နေရာများတွင် ရှီ၏မဟာ မိတ်များကို ခန့်အပ်ဖွယ် ရှိကြောင်း သတင်းတွင်ဖော်ပြသည်။

(ရိုက်တာ)


Leave a Reply