ပူတင်နှင့်အာဘေးခေါင်းဆောင်နှစ်ဦး တွေ့ဆုံပြီးချိန် ပူတင်၏ဂျပန်ခရီးစဉ် အတည်ပြုနိုင်မည်

14188297_1748655575374943_6866774748335767796_o

တိုကျို သြဂုတ် ၃ဝ

ယခုသီတင်းပတ်ကုန်ပိုင်း ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့် ရုရှားသမ္မတ ဗလာဒီမာ ပူတင်တို့တွေ့ဆုံပြီးချိန်တွင် ပူတင်၏ ဂျပန်နိုင်ငံသို့ ခရီးစဉ်ကို အတည်ပြုနိုင်လိမ့် မည်ဖြစ်ကြောင်း ဂျပန်ထိပ်တန်းအစိုးရ ပြောခွင့်ရသူတစ်ဦးက ရိုက်တာသတင်းဌာန သို့ ပြောကြားခဲ့သည်။

စက်တင်ဘာ ၂ ရက် နှင့် ၃ ရက်တွင် ရုရှားဆိပ်ကမ်းမြို့တော် ဗလာဒီဗိုစတော့၌ အရှေ့ပိုင်းစီးပွားရေးဖိုရမ်ညီလာခံကို ကျင်းပမည်ဖြစ်ရာ သီးခြားတွေ့ဆုံမှုအဖြစ် အာဘေးနှင့်ပူတင်တို့ တွေ့ဆုံကြမည်ဖြစ်ကြောင်း မျှော်လင့်ရသည်။
၂ဝ၁၂ ခုနှစ် ဒီဇင်ဘာလပိုင်းမှစ၍ တာဝန်ထမ်းဆောင်စဉ်အတွင်း အာဘေး သည် ရုရှားသို့ ပူတင်နှင့်တွေ့ဆုံရန် အကြိမ်ကြိမ်သွားရောက်ခဲ့ဖူးကြောင်း သိရသည်။

ပူတင်၏ခရီးစဉ်မှာ မဆုံးဖြတ်ရသေးကြောင်း၊ ခေါင်းဆောင်နှစ်ဦး တွေ့ဆုံ ပြီးချိန်မှခရီးစဉ်ကို အတည်ပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။ ဂျပန်နိုင်ငံသည် ရုရှားနှင့် သဘာဝစွမ်းအင်အရင်းအမြစ်ဆိုင်ရာ အကျိုးတူပူးပေါင်း ဆောင်ရွက်ရန် စီစဉ်ထား ခြင်းဖြစ်သည်။

ချဉ်းကပ်မှုအသစ်ဟုခေါ်သော ဂျပန်-ရုရှားဆက်ဆံရေးသည် စီးပွားရေးကဏ္ဍများပေါ်တွင် အခြေပြုထားကြောင်း ပြောခွင့်ရသူ ဆူဂါကပြောသည်။ အာဘေးနှင့် ပူတင်တို့သည် ပင်လယ်နက်ဆိုခီကမ်းခြေ၌ နောက်ဆုံးအကြိမ် တွေ့ဆုံခဲ့ပြီးဖြစ်သည်။

(ရိုက်တာ)


Leave a Reply