အမေရိကန်နှင့် အိန္ဒိယ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးဆွေးနွေး

14115578_1748655298708304_2763561776387362309_o

နယူးဒေလီ သြဂုတ် ၃ဝ

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီနှင့် စီးပွားရေးဝန်ကြီး ပန်နီပရစ်ဇ်ကာ တို့သည် အင်္ဂါနေ့က အိန္ဒိယအစိုးရ နှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး နှစ်ရက်တာ ဆွေးနွေးပွဲကိုစတင်ခဲ့ပြီး ကတ်ရှ်မီးယားဒေသနှင့်ပတ်သက်၍ ပါကစ္စတန်နှင့် ဆွေးနွေးပွဲများပြုလုပ်ရန် တွန်းအားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကယ်ရီသည် နယူးဒေလီသို့ တနင်္လာနေ့ညက အမေရိကန်- အိန္ဒိယမဟာဗျူဟာ မြောက် နှစ်ပတ်လည်နေ့အတွက် ရောက်ရှိခဲ့ပြီး ကုန်သွယ်ရေးဆိုင်ရာ ဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်သည်။

အိန္ဒိယအုပ်ချုပ်သော ကတ်ရှ်မီးယားဒေသရှိအခြေအနေနှင့် အာဖဂန်နစ္စတန် အရေးကို အင်္ဂါနေ့တွင် အမျိုးသား လုံခြုံရေးအကြံပေးအရာရှိ အာဂျစ်ဒိုဗယ်နှင့် ဆွေးနွေး သွားမည်ဖြစ်ပြီး ဗုဒ္ဓဟူးနေ့တွင် ဝန်ကြီးချုပ် နာရ္ဒြိာမိုဒီနှင့်လည်း တွေ့ဆုံ သွားမည်ဖြစ်ကြောင်း အမေရိကန်ထိပ်တန်းအရာရှိတစ်ဦးက ပြောသည်။

ထိုသို့ဆွေးနွေးချိန်အတွင်း ကယ်ရီအနေဖြင့် ပါကစ္စတန်နှင့် အိန္ဒိယနှစ်နိုင်ငံအတွက် တွေ့ဆုံဆွေးနွေးပွဲများ ပြုလုပ်သွားရန် တိုက်တွန်းသွားလိမ့်မည်ဖြစ်ကြောင်း ထိပ်တန်းအရာရှိက ပြောသည်။

(ရိုက်တာ)


Leave a Reply