တရုတ်တွင် လျှပ်စစ်ဓာတ်အားပေးစက်ရုံပေါက်ကွဲအနည်းဆုံး လူ ၂၁ဦးသေဆုံး

တရုတ်နိုင်ငံတွင် သြဂုတ် ၁၁ ရက်က လျှပ်စစ်ဓာတ်အားပေးစက် ရုံတစ်ခု ပေါက်ကွဲမှုဖြစ်ပွားရာ အ နည်းဆုံး လူ ၂၁ ဦးသေဆုံးပြီး ငါးဦး ထက်မနည်း ထိခိုက် ဒဏ်ရာရခဲ့သည် ဟု အစိုးရပိုင် ဆင်ဟွာသတင်းဌာနက ကြေညာသည်။

ce0f211149265ed894355b162072b232_L

ဖိအားမြင့် ရေနွေးငွေ့ပိုက်လိုင်းတစ်ခု ပေါက်ထွက်ရာမှတစ်ဆင့် ပေါက်ကွဲမှု စတင်ဖြစ်ပွားရသည်ဟု ဒေသခံ သတင်းမီဒီယာများက ပြောကြားသည်။

တရုတ်နိုင်ငံမြောက်ပိုင်း တီယန်ကျင်း ပင်လယ်ဆိပ်ကမ်းမြို့ ပေါက်ကွဲမှု နှစ်ပတ်လည်နေ့မတိုင်မီ တစ်ရက် အလိုတွင် ပေါက်ကွဲမှုဖြစ်ပွားရခြင်းဖြစ်သည်။ တီယန်ကျင်း မြို့ပေါက်ကွဲမှုတွင် အနည်းဆုံး လူ ၁၆၅ ဦး သေဆုံး ခဲ့ရသည်။

ယခုပေါက်ကွဲမှုဖြစ်ပွားသော လျှပ်စစ်ဓာတ်အားပေးစက်ရုံသည် တရုတ်နိုင်ငံအလယ်ပိုင်း ဟူဘေးပြည်နယ် တန်ယန်းမြို့တွင် တည်ရှိသည်။ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေပြီဟု သိရသည်။

ပေါက်ကွဲမှုဖြစ်ပွားရခြင်း၏အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေသည်ဟု ဒေသခံအာဏာပိုင်များက ပြောသည်။ ပေါက်ကွဲမှုဖြစ်သော လျှပ်စစ်ဓာတ်အားပေးစက်ရုံကို ပိုင်ဆိုင်သောကုမ္ပဏီသည် ရေနံထွက် ပစ္စည်းရောင်းချသည့် လုပ်ငန်းကိုလည်း လုပ်ကိုင်သည်ဟု သိရသည်။

လုံခြုံရေးစံနှုန်းနိမ့်ပါးသော တရုတ်ပြည်တွင် စက်မှုလုပ်ငန်း မတော်တဆဖြစ်ရပ်များ မကြာခဏ ဖြစ်ပွားသည်။ ယခုနှစ် နွေရာသီအစောပိုင်းမှာပင် စက်ရုံတစ်ခုမှ ဓာတုပစ္စည်းများယိုစိမ့်မှုကြောင့် လူ ၁၃၀ ကျော် ဆေးရုံတင် ကုသခဲ့ရသည်ဟု သိရသည်။

Ref: AFP

#‎Democracytoday


Leave a Reply