အလှမယ်ခြောက်ဦး ရွေးချယ်ပေးမယ့် Miss Golden Land Myanmar ပြိုင်ပွဲ

တတိယအကြိမ်မြောက် Miss Golden Land Myanmar ပြိုင်ပွဲကို ဩဂုတ် ၂၅ ရက်တွင် ပြုလုပ်မည်ဖြစ်ပြီး နိုင်ငံတကာ အလှမယ်ပြိုင်ပွဲ ခြောက်ပွဲအ တွက် အလှမယ်ခြောက်ဦး ရွေး ချယ်မည်ဖြစ်ကြောင်း သတင်းရရှိ သည်။

ယခင်နှစ်များက နိုင်ငံတကာ အလှမယ်ပြိုင်ပွဲများဖြစ်သည့် Miss Earth, Miss Supranat-ional, Miss Intercontinental, Face of Beauty International နှင့် Miss Globe စသည့်ပြိုင်ပွဲငါး ပွဲအတွက် နိုင်ငံတကာအလှမယ် များကို ရွေးချယ်ပေးခြင်းဖြစ်ပြီး ယခုနှစ်တွင် Miss Tourism ပြိုင် ပွဲ၌ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်၍ အလှမယ်တစ်ဦးတိုးကာ ရွေးချယ်မည် ဖြစ်သည်။

အဆိုပါပွဲခြောက်ပွဲစလုံးသို့ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် အလှ မယ်များ ရွေးချယ်ခြင်းကို Miss Golden Land Myanmar အဖွဲ့ အစည်းက တာဝန်ယူကျင်းပခြင်း ဖြစ်သည်။

ထို့အပြင် ယခုနှစ်အတွက် အလှမယ်များကို တိုင်းနှင့်ပြည် နယ်အသီးသီးတွင် ပြိုင်ပွဲများပြု လုပ်၍ ရွေးချယ်ခဲ့ပြီး နောက်ဆုံး ပြိုင်ပွဲအတွက် ဆန်ခါတင်အလှ မယ် ၂၀ ဦး ရွေးချယ်ထားသည်။

ဆန်ခါတင်အလှမယ်များကို တစ်လခွဲခန့် စခန်းသွင်းလေ့ကျင့် မှုများ ပြုလုပ်မည်ဖြစ်ပြီး ယင်း ကာလအတွင်း လူမှုရေးလှုပ်ရှား မှုအစီအစဉ်များ ပြုလုပ်မည်ဖြစ် သည်။

Miss Golden Land Myan-mar 2016 ပြိုင်ပွဲကို ဩဂုတ် ၂၅ ရက်တွင် MCC ခန်းမ၌ ပြုလုပ် မည်ဖြစ်သည်။


Leave a Reply