ပါရီမှာအကြမ်းဖက်မှုဖြစ်ပွားခဲ့ပေမယ့် Mission Impossible ဇာတ်ကား ဆက်ရိုက်နေတဲ့ တွမ်ခရုစ်

နာမည်ကျော် ရုပ်ရှင်မင်းသား တွမ်ခရုစ်သည် ပြင်သစ်နိုင်ငံ ပါရီမြို့၌ Mission Impossible ခြောက် ကားမြောက်ကို ရိုက်ကူးလျက်ရှိကြောင်း သိရသည်။

အဆိုပါစိတ်လှုပ်ရှားဖွယ် စပိုင်ဇာတ်ကားတွင် အသက် (၅၄)နှစ်အရွယ် တွမ်ခရုစ်နှင့်အ တူ အသက် (၃၃) နှစ်အရွယ် မင်းသား ဟင်နရီကာဗယ်လည်း ပါဝင်သရုပ်ဆောင်ထားသည်။

ကြာသပတေးနေ့က ၎င်းတို့ရိုက်ကွင်းနှင့် တစ်မိုင်အနီးတွင် တိုက်ခိုက်မှုတစ်ခုဖြစ်ပွားခဲ့သော်လည်း နာရီ အနည်းငယ်အကြာ၌ ရိုက်ကူးရေး  ပြန်လည်စတင်ခဲ့သည်။

တွမ်ခရုစ်သည် ၁၉၉၆ တွင် စတင်ရိုက်ကူးခဲ့သော Mission Impossible ပထမဆုံး ဇာတ်ကားကတည်းက အထူးအေးဂျင့် အီသန့်ဟော့အဖြစ် အဓိကဇာတ်ကောင်နေရာမှ သရုပ်ဆောင်ခဲ့သည်။

ထို့အပြင် ၎င်းသည် ‘‘Top Gun’’ ,‘‘The Last Samurai’’ နှင့် ‘‘War of the Worlds’’ စသည့် နာမည်ကျော် ဇာတ်ကားများတွင် ပါဝင်သရုပ်ဆောင်ခဲ့ပြီးရွှေကမ္ဘာ လုံးဆုသုံးဆု အပါအဝင် အခြားအနုပညာ ဆုများစွာ ကိုလည်း ချီးမြှင့်ခံခဲ့ရသည်။

ဇွန်လ ၉ ရက်တွင် ဖြန့်ချိ မည့် သည်းထိတ်ရင်ဖို ‘‘The Mummy’’ ဇာတ်ကား၌လည်း မင်းသားတွမ်ခရုစ်ကို ရှုစားရဦး မည်ဖြစ်သည်။

Ref:dailymail