ကျောက်ဖြူခရိုင် မျက်နှာစုံညီအစည်းအဝေးကျင်းပ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီ အစည်းအဝေးကို ယနေ့ (ဇူလိုင်လ ၂၈ရက်) နံနက် (၉) နာရီအချိန်တွင် ကျောက်ဖြူခရိုင် ပြည်ခိုင်ဖြိုးပါတီရုံးခန်းမတွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် သဘာပတိအဖြစ် ရခိုင်ပြည်နယ်တာဝန်ခံ အမ်းမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဇေယျကျော်ထင် ဦးမောင်မောင်အုန်း၊ ပြည်နယ်ပါတီကော်မတီဝင် ဦးခင်သောင်း၊ ခရိုင်ပါတီကော်မတီဝင် ဦးထွေးလှ နှင့် ဆရာကြီး ဦးညီလှိုင် တို့က ဆောင်ရွက်ခဲ့ကြပြီး သဘာပတိ ဇေယျကျော်ထင် ဦးမောင်မောင်အုန်းမှ အမှာစကားပြောကြားခဲ့သည်။

အခမ်းအနားတွင် ခရိုင်ပါတီကော်မတီအား ပြန်လည်ရွေးချယ်ဖွဲ့စည်းခဲ့ရာ ခရိုင်ပါတီဥက္ကဋ္ဌ အဖြစ် ဦးသိန်းနု၊ အတွင်းရေးမှူး အဖြစ် ဦးမြလင်း၊ ဘဏ္ဍာရေးမှူး အဖြစ် ဦးထွေးလှ တို့အား အတည်ပြုရွေးချယ်ခဲ့ပြီး ကျောက်ဖြူခရိုင် ပါတီမျက်နှာစုံညီအစည်းအဝေးနှင့် ခရိုင်ပါတီ ပြန်လည်ရွေးချယ် ဖွဲ့စည်းရေးအခမ်းအနားကို မွန်းလွဲ (၂) နာရီ (၁၅) မိနစ်အချိန်တွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

Credit – Ko Thet Swe, Ko Thaung Win


Leave a Reply