မြောင်းမြခရိုင်ပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီအစည်းအဝေးနှင့် ခရိုင်ပါတီ ကော်မတီပြန်လည်ရွေးချယ်ပွဲ ကျင်းပပြီးစီး

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီ အစည်းအဝေးနှင့် ပြန်လည်ရွေးချယ်ဖွဲ့စည်းရေး အခမ်းအနားကို ဇူလိုင်လ (၁၀) ရက်နေ့ နံနက် (၁၀) နာရီတွင် မြောင်းမြခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးခန်းမတွင်ပြုလုပ်ရာ သဘာပတိအဖြစ် တိုင်းပါတီ ကော်မတီဝင်များဖြစ်ကြသော ဒေါက်တာထိန်ဝင်း၊ ဒေါ်ခင်စောမူ၊ ဒေါ်နွယ်နွယ်ဦး တို့မှဆောင်ရွက်ပြီး တိုင်းပါတီကော်မတီဝင်များ ဖြစ်ကြသော ဦဝင်းကိုကို၊ ဦးသန်းထွန်း၊ ဦးလှခိုင်၊ ဦးကျော်ဝင်းနိုင် တို့မှ ကြီးကြပ်ရေးကော်မတီအဖြစ် ဆောင်ရွက်ခဲ့ကြသည်။

13592564_800681753399652_2958124123975549227_n

အခမ်းအနားတွင် ခရိုင်ပါတီကော်မတီိအား ပြန်လည်ရွေးချယ်ဖွဲ့စည်းရာ မြောင်းမြခရိုင်ပါတီ ဥက္ကဋ္ဌ အဖြစ် ဒေါက်တာဌေးနိုင်၊ အတွင်းရေးမှူး အဖြစ် ဦးအောင်ြမင့်၊ ဘဏ္ဏာရေးမှူးအဖြစ် ဦးမျိုးညွန့်တို့နှင့် ခရိုင်ကော်မတီဝင်များ အဖြစ် ဦးလှဌေး၊ ဦးအောင်ကျော်စိုး၊ ဦးလှမြင့်ထူး၊ ဦးတင်ဝင်း၊ ဦးဇော်လတ်၊ ဒေါ်ခင်စန်းဦး တို့အား အတည်ပြု ရွေးချယ်ဖွဲ့စည်းခဲ့ကြောင်း သိရှိရသည်။

USDP Ayeyarwady Region News


Leave a Reply