အာရှဖွံ့ဖြိုးရေးဘဏ်က အိန္ဒိယ၊ မြန်မာ နှင့် ထိုင်းချိတ်ဆက်မည့် ဘတ်စ်ကားလိုင်း ပြေးဆွဲရေး စီမံချက် တစ်ရပ်အား အဆိုပြုထား

အာရှဖွံ့ဖြိုးရေးဘဏ် (ADB)က အိန္ဒိယ၊ မြန်မာနှင့် ထိုင်းနိုင်ငံတို့ကို ချိတ်ဆက်မည့် ဘတ်စ်ကားလိုင်း ပြေးဆွဲရေး စီမံချက်တစ်ရပ်ကို အဆိုပြုထားပြီး သက်ဆိုင်ရာနိုင်ငံများကြားတွင် သဘောတူညီမှု ရရှိရန် ကြိုးပမ်း သွားမည်ဟုလည်း အာရှ ဖွံ့ဖြိုးရေးဘဏ် (ADB) က သတင်းထုတ်ပြန်ခဲ့သည်။


အိန္ဒိယ၊ မြန်မာနှင့် ထိုင်းနိုင်ငံ တို့ကို ချိတ်ဆက်မည့် အဝေးပြေးလမ်း သည် ကီလိုမီတာ ၁၂ဝဝ ရှိပြီး အာဆီယံနိုင်ငံ များနှင့် အိန္ဒိယနိုင်ငံ ကြားတွင် ကုန်သွယ်မှု အားကောင်းလာ စေရန် အထောက်အကူ ဖြစ်စေကြောင်း သိရသည်။

ထို့ပြင် အဝေးပြေးလမ်း၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်သော မန္တလေးနှင့် မိုရေးမြို့တို့ကို ချိတ်ဆက်ထား သည့် လမ်းပိုင်း၌ လမ်းပိုင်းအဆင့်မြှင့်တင်ခြင်းနှင့် တံတားဟောင်းများ ပြုပြင်ခြင်း၊ တံတားသစ်များ ထပ်မံတည်ဆောက်ခြင်းအတွက် အိန္ဒိယ အစိုးရမှ ဘဏ္ဍာရေး အကူအညီများ ပေးသွားမည်ဖြစ်သည်။ မန္တလေးနှင့် မိုရေးကို ချိတ်ဆက် ထားသည့် လမ်းပိုင်းတွင် တံတား ၇၃ စင်းကို ပြင်ဆင်ခြင်းနှင့် အသစ် တည်ဆောက်ခြင်းများပြုလုပ်ရမည်ဖြစ်သည်။

အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ဒါရိုက်တာ တစ်ဦးဖြစ်သော Yasushi Negishi က အိန္ဒိယ၊ မြန်မာနှင့် ထိုင်းနိုင်ငံ တို့ကို ချိတ်ဆက်မည့် ဘတ်စ်ကားလိုင်း ပြေးဆွဲရန် သဘော တူညီမှု ရရှိရေး အတွက် ကြိုးပမ်းသွားမည် ဖြစ်ကာ  လာမည့်နှစ်တွင် ဘတ်စ်ကားလိုင်း စတင် ပြေးဆွဲနိုင်ရန် ရည်မှန်း ထားကြောင်း ပြောကြား ခဲ့သည်။

Myawady Daily


Leave a Reply