ဗဟိုအမျိုးသမီးညီလာခံကြိုဆိုဂုဏ်ပြု ဓမ္မစကူးလ်တွင် အာဟာရဒါနပြုကျွေးမွေးလှူဒါန်း

 

ရန်ကုန် စက်တင်ဘာ ၂၃

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဗဟိုအမျိုးသမီး ညီလာခံကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် သုံးခွမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကော်မတီဥက္ကဋ္ဌ ဒေါ်ခင်မြတ်စုနှင့် မြို့နယ် ကော်မတီဝင်များက ကြုံကြိတ်ကျေးရွာ ဂန္တဝါစကပဏ္ဍိတ ကျောင်းတိုက်ဓမ္မစကူးလ်သို့ ယမန်နေ့နံနက် ၉ နာရီက အာဟာရ ဒါန ကျွေးမွေးလှူဒါန်းခဲ့ကြကြောင်း သိရသည်။

ယင်းသို့ ကျွေးမွေးလှူဒါန်းရာတွင် သုံးခွမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကော်မတီဥက္ကဋ္ဌ နှင့်ကော်မတီဝင်များက ဓမ္မစကူးလ် ကျောင်းသားကျောင်းသူ နှင့် ပြည်သူ ၁ဝဝ ခန့်ကို မုန့်ဟင်းခါးဖြင့် ကျွေးမွေးလှူဒါန်း ခဲ့ကြကြောင်း သိရသည်။

ကြည်စိုးလွင်(သုံးခွ)