ဂန့်ဂေါခရိုင် ပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီ အစည်းအဝေး ကျင်းပပြီးစီး

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်မျက်နှာစုံညီအစည်း အဝေးကို ဇူလိုင်လ (၉) ရက် နံနက် (၈) နာရီခွဲက ဂန့်ဂေါခရိုင် ပြည်ခိုင်ဖြိုးခန်းမ၌ကျင်းပရာ သဘာပတိအဖြစ် မကွေးတိုင်းဒေသကြီး ပါတီကော် မတီဝင်များဖြစ်ကြသော ဦးဟန်မောင်၊ ဦးဆန်းညွန့်အောင်၊ ဦးစောဝင်းမောင်တို့က ဆောင်ရွက်ခဲ့ကြပြီး သဘာပတိက အဖွင့်အမှာစကား ပြောကြားခဲ့သည်။

13592782_618033811699467_5488067886648821038_n

၂ဝ၁၅-၂ဝ၁၆ ပညာသင်နှစ် ထူးချွန်ကျောင်းသားများဖြစ်သော ခြောက်ဘာသာဂုဏ်ထူးရှင် မအိအိ မျိုး၊ ခြောက်ဘာသာဂုဏ်ထူးရှင် မဝေဝေမြင့်အောင်၊ တစ်နိုင်ငံလုံး ဝိဇ္ဇာတွဲပထမဆုရှင် မဟန်နီလွင်၊ တစ်နိုင်ငံလုံး ဝိဇ္ဇာတွဲပဉ္စမဆုရှင် မောင်ရဲထွဋ်တို့အား ဂုဏ်ပြုဆုများ အသီးသီး ချီးမြှင့်ခဲ့ကြသည်။

ထို့နောက် လက်ရှိတာဝန်ထမ်း ဆောင်နေသော ခရိုင်ပါတီကော်မတီဝင်များ နုတ်ထွက်ပြီး လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့မှ ဦးသိန်းထွန်းကလည်းကောင်း၊ ခရိုင်ပါတီ ကော်မတီဝင်များအစုအဖွဲ့မှ ဦးအောင်စိုးမင်းကလည်းကောင်း၊ မြို့နယ်ပါတီကော်မတီဝင် များအစုအဖွဲ့မှ ဦးလှဌေးကလည်းကောင်း၊ ခရိုင်ပါတီကော်မတီဝင်အမည် စာရင်းများ တင်သွင်းခဲ့ကြသည်။

ထို့နောက် အခမ်းအနားခေတ္တ ရပ်နားခဲ့ပြီး တိုင်းဒေသကြီး စိစစ်ရွေးချယ်ရေးကော်မတီမှ တစ်ဦးချင်း ဆန္ဒပြုစေလျက် ရွေးချယ်ရေးအစီအစဉ်များ ဆောင်ရွက်ခဲ့ကြသည်။

အခမ်းအနားအစီအစဉ် ဒုတိယပိုင်းတွင် ရွေးချယ်ခံရသော ခရိုင်ပါတီကော်မတီဝင်နှင့် အရန်ပါတီကော် မတီဝင်များ၏ အမည်စာရင်း ကြေညာခြင်း၊ အတည်ပြုခြင်း၊တာဝန်ပေး အပ်ခြင်း၊ ကတိသစ္စာခံယူခြင်းတို့ကို ပြုလုပ်ခဲ့သည်။

ထို့နောက် ခရိုင်ပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူး၊ အမည်စာရင်းများကြေညာခြင်း၊ အတည်ပြုခြင်း၊ တိုင်းဒေသကြီး မျက်နှာစုံညီအစည်းအဝေး တက်ရောက်မည့် ကိုယ်စားလှယ် များ ရွေးချယ်အတည်ပြုခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

ထို့နောက် မကွေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌဦးဘုန်းမော်ရွှေက လမ်းညွှန်အမှာစကား ပြောကြားပြီး သဘာပတိ နိဂုံးချုပ်အမှာစကား ပြောကြားကာ အခမ်းအနားကို ကြွေးကြော်သံများဖြင့် အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ မြို့မိမြို့ဖများ၊ လူမှုရေး အဖွဲ့အစည်းများ၊ ဆုရထူး ချွန်ကျောင်းသားများနှင့်မိဘများ၊ ပါတီဝင်များ စုစုပေါင်း (၁ဝ၃) ဦး တက်ရောက်ခဲ့ကြသည်။

ယောသားလေး


Leave a Reply