ဖနောင့်နာ သက်သာစေမည့် နည်းလမ်းကောင်းများ

other_FOOD-inner_93db8

 ဖနောင့်နာခြင်းက အဖြစ်များတဲ့ ပြဿနာဖြစ်ပါတယ်။  ဖိနပ်အပြားစီးခြင်း၊ ထိခိုက်ဒဏ်ရာ၊ ခြေခေါက်ခြင်း၊ အဆစ် လွဲခြင်း စသည်တို့ကြောင့် ဖနောင့်နာ တတ်ပါ တယ်။ စိုးရိမ်စရာ မရှိသော်လည်း အခံရခက်တဲ့ ထိုဝေဒနာကို သက်သာစေဖို့ သဘာဝ ဆေးနည်းအချို့ ရှိပါတယ်။

၁။ ရေခဲ

ရေခဲရဲ့အအေးဓာတ်က ထုံကျဉ်သွားစေပြီး နာကျင်ရောင်ရမ်းမှုကို လျှော့ချပါတယ်။ –  ခြေမွထားတဲ့ ရေခဲတွေကို ပလတ် စတစ်အိတ်ထဲထည့်ပြီး နာနေတဲ့နေရာကို (၁၅) မိနစ်ကြာ ဖိကပ်ထားပါ။ လိုအပ်သလို တစ်နေ့လျှင် မကြာခဏ လုပ်ဆောင်ပေးပါ။

–  နောက်တစ်နည်း ကတော့ ရေတစ်ဘူးကို ရေခဲအောင်ထားပြီး (၁၀) မိနစ်မှ (၁၅) မိနစ်ကြာ ဖနောင့်ပေါ်မှာ လှိမ့်ပေးပါ။

၂။ နှိပ်နယ်ခြင်း

နှိပ်နယ်ပေးခြင်းက ကြွက်သားများကို ဖြေလျော့ပေးပါတယ်။ နာကျင်တောင့်တင်းနေမှုကို ဖြေလျော့ပေးပါတယ်။ သွေးလှည့်ပတ်မှု တိုးတက်ကောင်းမွန်စေပါတယ်။ –  နည်းလမ်းကတော့ ရှေးဦးစွာ နာကျင်နေတဲ့ ဖနောင့်နေရာကို ဆီနွေးနွေး (သံလွင်ဆီ၊ အုန်းဆီ၊ မုန်ညင်းဆီ၊ နှမ်းဆီ) လိမ်းပါ။ လက်မနှစ်ခုကို အသုံးပြုပြီး နာကျင်နေတဲ့နေရာကို မိနစ်အနည်းငယ်ကြာ အနည်းငယ်ဖိနှိပ်ပါ။ ထို့နောက် (၁၀) မိနစ်ကြာ နှိပ်နယ်ပါ။ ၄င်းနည်းကို နာကျင်မှု သက်သာ သွားသည် အထိ နေ့စဉ် မကြာခဏ လုပ်ဆောင်ပါ။

၃။ ကိုယ်လက်ဆန့် လေ့ကျင့်ခန်း

လေ့ကျင့်ခန်း လုပ်ပေးခြင်းက နာကျင်မှုကို လျှော့ချပြီး အမြန်ဆုံး သက်သာစေပါတယ်။

(၁) ရှေးဦးစွာ နံရံတစ်ခုနဲ့ ပေအတော်ဝေးဝေးမှာ နံရံကိုမျက်နှာချင်းဆိုင်ပြီး ခြေဗလာဖြင့် ရပ်နေပါ။

(၂) လက်နှစ်ဖက်စလုံး အသုံးပြုပြီး နံရံကို ဖိတွန်းပါ။

(၃) ဖိတွန်းထားရင်း ခြေတစ်ဖက်ကို ရှေ့ထွက်ပါ။ ထိုခြေထောက် နောက်အကြောများ တင်းနေပါလိမ့်မယ်။

(၄) ထိုအနေအထားအတိုင်း စက္ကန့် (၃၀) ကြာနေပါ။

(၅) နောက်ခြေ တစ်ဖက်ကိုလည်း ထိုပုံစံအတိုင်း လုပ်ဆောင်ပြီးဘက်ပြောင်းပေးပါ။

(၆) တစ်ဖက်ကို (၁၀) ကြိမ်စီ လုပ်ပါ။

၎။ အိမ်သုံးဆား

အိမ်သုံးဆားက နာကျင်မှု၊ ရောင်ရမ်းမှုတို့ကို သက်သာစေပါတယ်။ –  အိမ်သုံးဆား သုံးဇွန်းခန့်ကို ရေနွေးထည့်ထား သော ဇလုံကြီးထဲ ချက်တဲ့အခါ ချင်းကိုထည့် သွင်းပါ။ ချင်းရေနွေးကြမ်း လုပ်နည်းကတော့ ရေတစ်ခွက်ထဲမှာ ချင်း (၆) စိတ်ခန့်ကို ထည့်ပြီး ငါးမိနစ်မှ (၁၀) မိနစ် ကြာ အပူပေးပါ။ ၄င်းထဲတွင် ရှောက်ရည် အနည်းငယ်နဲ့ ပျားရည်ကိုလည်း ထည့်သွင်းနိုင်ပါတယ်။ –  အခြားနည်းကတော့ နာကျင်နေ တဲ့နေရာကို ချင်းအဆီလိမ်းပြီး နှိပ်နယ်ပေးပါ။

၈။ ပန်းသီးရှာလကာရည် – ရေခွက်တစ်ခွက်နဲ့ တစ်ဝက်ကို ပန်းသီး ရှာလကာရည် ခွက်လေးပုံ တစ်ပုံခန့်နှင့်ရောပြီး ဒယ်အိုးထဲထည့်ပါ။ ယင်းအရောကိုနွေးလာသည် အထိအပူပေးပါ။ ၄င်းကိုအ၀တ်သန့် တစ်ခုနှင့်စုပ်ယူစေပြီး အရည်ပို များ ထွက်သွားအောင် အ၀တ်ကို ရေညှစ်ပါ။ ယင်းအ၀တ်စဖြင့် နာနေတဲ့ ဖနောင့်ကို မိနစ် (၂၀) ကြာ ပတ်ထားပါ။ နှစ်ခါသုံးခါ လုပ်ဆောင်ပါ။

၉။ ငရုတ်သီးစိမ်းမှုနှ်ု

– ငရုတ်သီးစိမ်းမှုန့် တစ်ဇွန်းကို သံလွင်ဆီ အနည်းငယ်ဖြင့်ရောပါ။ ၄င်းအရောကို နာကျင်နေသည့် နေရာပေါ် လိမ်းပြီး (၁၅) မိနစ်ကြာထားပါ။ ထို့နောက် ရေနွေးဖြင့် ဆေးပါ။ ဝေဒနာ သက်သာသည် အထိ နေ့စဉ် သုံးကြိမ်လုပ်ဆောင်ပါ။

၁၀။ အယ်ကာလီဓာတ် ပါဝင်သော အစားအစာများ

–  စားနေကျ အစားအစာထဲတွင် သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များ ပိုပါပါစေ။

– နောက်တစ်နည်းက ရေတစ်ခွက်ထဲ ရှောက်သီးတစ်ခြမ်းညှစ်ပြီး နေ့တိုင်းသောက်ပါ။

– ဒါ့အပြင် နေ့စဉ် လက်ဖက်ရည်ကြမ်း လေးခွက်ခန့် သောက်သုံးပေးပါ။

– နို့ထွက်ပစ္စည်းများကို ရှောင်ပါ။

– ကဖင်းဓာတ်ပါတဲ့ သောက်စရာများ၊ အရက်၊ သကြား စသည်ကို ရှောင်ပါ။

ဖိုးသူတော် (www.phothutaw.com) Credit:Messenger Unicode Version


Leave a Reply