လယ်ဝေးမြို့နယ် ပြည်ခိုင်ဖြိုးပါတီနှင့် ရပ်/ကျေးပါတီ တွေ့ဆုံပွဲကျင်းပ

ပြည်ထောင်စုနယ်မြေ နေပြည်တော်ခရိုင် လယ်ဝေးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် ရပ်ကွက်၊ကျေးရွာအုပ်စု (၆၇) အုပ်စု ပါတီကေဒါ ပထမခေါင်းဆောင်၊ ဒုတိယခေါင်းဆောင်များ တွေ့ဆုံပွဲကို ယခုလ (၈) ရက် နံနက် (၁ဝ) နာရီက လယ်ဝေးမြို့ အမှတ်(၇)ရပ်ကွက် မြို့နယ်ပါတီရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ပြည်ထောင်စုနယ်မြေ အတွင်းရေးမှူး ဦးခင်မောင်ဌေး တက်ရောက်၍ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့သည်။

32655481-10072016

ဆက်လက်၍ ဗဟိုကော်မတီဝင် ပြည်ထောင်စုနယ်မြေ ကော်မတီဝင် ဦးဌေးဝင်းနှင့် နေပြည်တော်ခရိုင်ပါတီ ကော်မတီဝင် လယ်ဝေးမြို့နယ် တာဝန်ခံ ဦးဇော်အောင်တို့က ပြန်လည်ပြင်ဆင် ရွေးချယ်ဖွဲ့စည်းပြီးသည့် မြို့နယ်ကော်မတီဝင်များ၊ အရန် မြို့နယ်ကော်မတီ ဝင်များ၊ လုပ်ဆောင်ရမည့် လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းပြောကြားပြီးနောက် လယ်ဝေးမြို့နယ် ပါတီ ဥက္ကဋ္ဌ ဒေါ်တင်နွယ်ဦး၊ အတွင်းရေးမှူး ဦးကိုကို၊ ဘဏ္ဍာရေးမှူး ဦးအောင်မျိုးမင်းနှင့် ကော်မတီဝင်များက မိမိနယ်မြေ၊ မိမိတို့က နှင့်ပတ်သက်သည့် ကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာ သည့် ရပ်ကွက်၊ကျေးရွာအုပ်စု ၆၇ အုပ်စုမှ ပထမခေါင်းဆောင်၊ ဒုတိယခေါင်းဆောင်များက မိမိတို့ ရပ်ကွက်၊ကျေးရွာအုပ်စုနှင့်ပတ်သက်သည့် အခြေအနေ များကို တင်ပြ ဆွေးနွေးခဲ့ကြသည်။

ဟိန်းအောင်(နေပြည်တော်


Leave a Reply