ညောင်ဦးမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူလျက်ရှိသော မြို့နယ်ကော်မတီဝင်အား ခရိုင်ဥက္ကဋ္ဌနှင့်အဖွဲ့မှ ကြည့်ရှု အားပေး

 

ညောင်ဦး အောက်တိုဘာ ၃၁

ညောင်ဦးခရိုင်ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးညွန့်ဝင်း၊ မြို့နယ်ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌဦးအောင်ဌေး၊ မြို့နယ်ပါတီ ကော်မတီဝင်ဖြစ်သော သူကောင်းတည်ကျေးရွာနေဦးအေးကျော်ခိုင်၊ မြို့နယ် အရန်ကော်မတီဝင်ဦးစံလင်း၊ ဦးကျော်ဌေးနှင့်အဖွဲ့တို့သည် ယမန်နေ့ နံနက် ၁ဝနာရီက ညောင်ဦးမြို့နယ် ပြည်သူဆေးရုံကြီး၌ တက်ရောက် ဆေးကုသခံနေသော ပိုးထိလူနာပြည်ခိုင်ဖြိုးပါတီကော်မတီဝင်ဦးကျောက် ခဲအား သွားရောက်အားပေးစကားပြောကြားခဲ့ကြောင်းသိရသည်။

ထို့သို့သွားရောက်အားပေးစကားပြောကြားခဲ့ပြီး ထောက်ပံ့ငွေကျပ် ရှစ်သောင်းကို ပေးအပ်ခဲ့ရာ အထူးကျေးဇူးတင်ရှိကြောင်း ပိုးထိလူနာ ဦးကျောက်ခဲက ပြောခဲ့သည်။

ကျော်ဌေး(ညောင်ဦး)