သက်တော်ရှည်ဆရာတော်ကြီးများအား ဒက္ခိဏသီရိပြည်ခိုင်ဖြိုး ပထမအကြိမ် သံဃပူဇနိယပူဇော်ပွဲကျင်းပ

 

နေပြည်တော် အောက်တိုဘာ ၃၁

ပြည်ထောင်စုနယ်မြေ ဒက္ခိဏသီရိမြို့နယ် ချိုင်းကျေးရွာအုပ်စု မဲဒီးကျေးရွာဇေယျသိဒ္ဓိကျောင်းတိုက်တွင် သက်တော်ရှည်ဆရာတော် ကြီးများအား ပထမအကြိမ် သံဃပူဇနိယပွဲကို ယမန်နေ့နံနက်ပိုင်းတွင် ကျင်းပခဲ့သည်။

ပြည်ထောင်စုဝန်ကြီး(ငြိမ်း) ဦးမြင့်လှိုင် မိသားစုနှင့် ပြည်ခိုင်ဖြိုး ပါတီတို့ပူးပေါင်း၍ မဲဒီးဇေယျသိဒ္ဓိကျောင်းတိုက်ဆရာတော် ဦးဝိ မလာစာရအား အမှူးထားကာ ပင့်သံဃာတော်ဆရာတော်ကြီး ၁၇ ပါးအား သံဃပူဇနိယပွဲကျင်းပခဲ့ရာ ဧည့်ပရိသတ်က ရွှေကြာပင် အောင်ရတနာကျောင်းတိုက်မှ ဆရာတော်ဦးကုသလထံမှ သီလပေး တရားနာယူခဲ့ပြီး လှူဖွယ်ဝတ္ထူပစ္စည်းများအား ဆက်ကပ်လှူဒါန်းခဲ့ ကြသည်။

အဆိုပါအခမ်းအနားသို့ အလှူရှင်မိတ်ဆွေများ၊ပြည်ထောင်စုနယ် မြေ ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူးဦးဌေးဝင်း၊ ဒက္ခိဏသီရိပြည်ခိုင် ဖြိုးပါတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့၊ ဘာသာရေးအဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ၊ ကျေးရွာသူကျေး ရွာသားများစုစုပေါင်းအင်အား ၁၅ဝ ခန့် တက်ရောက်ခဲ့ကြပြီး ဧည့်သည်တော်များအား ကြက်ဆီထမင်းနှင့် မုန့်ပာင်းခါးတို့ဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။

ပေါ်ဦး