ဝင်ဘယ်ဒန် တင်းနစ်ပြိုင်ပွဲတွင် စရီနာဝီလျံစ် ဆီမီးတက်

Britain Tennis - Wimbledon - All England Lawn Tennis & Croquet Club, Wimbledon, England - 5/7/16 USA's Serena Williams celebrates winning her match against Russia's Anastasia Pavlyuchenkova REUTERS/Toby Melville

ဗြိတိန်နိုင်ငံ လန်ဒန်မှာ ယှဉ်ပြိုင်နေတဲ့ ၀င်ဘယ်ဒန် တင်းနစ်ပြိုင်ပွဲ အမျိုးသမီး တဦးချင်း ကွတားဖိုင်နယ်မှာ နာမည်ကြီး စရီနာ ၀ီလျံစ်က ပယ်လူချင်ကိုဗာကို အနိုင်ရသွားပါတယ်။

ဇူလိုင် ၅ ရက်နေ့က ပွဲစဉ်မှာ ကမ္ဘာ့နံပါတ်တစ်ဖြစ်တဲ့ စရီနာက ရုရှားသူ ပယ်လူချင်ကိုဗာကို ၂ ပွဲပြတ်နဲ့ အနိုင်ရသွားတာပါ။

လက်ရှိချန်ပီယံဖြစ်တဲ့ အမေရိကန်သူ စရီနာဟာ ဂရန်းစလန်းဆုဖလား ၂၁ ခု ရရှိထားပါတယ်။

ဒီပွဲနိုင်လို့ စရီနာဟာ ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်သွားပါတယ်။

ဝင်ဘယ်ဒန် တင်းနစ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်မှာတော့ ရုရှားတင်းနစ်မယ်တဦးဖြစ်တဲ့ အယ်လီနာ ဗက်စ်နီနာနဲ့ ဆုံရမှာ ဖြစ်ပါတယ်။

(ရိုက်တာ)


Leave a Reply