ညီဖြစ်သူ ပေါ့ဘာကို ခြိမ်းခြောက်ငွေညှစ်ရာတွင် ပါဝင်မှုဖြင့် မာသီးယပ်စ်ပေါ့ဘာ ဖမ်းဆီးစစ်ဆေးခံရ

ဂျူဗင်တပ်စ်အသင်းကွင်းလယ်လူ ပေါလ်ပေါ့ဘာ၏ အစ်ကိုဖြစ်သူ မာသီးယပ်စ်ပေါ့ဘာသည် ညီဖြစ်သူအား ခြိမ်းခြောက်ငွေညှစ်ရာတွင် ပါဝင်မှုဖြင့် ဖမ်းဆီးစစ်ဆေးခံနေရကြောင်း သိရသည်။

ပေါ့ဘာက ၎င်းအနေဖြင့် ပြီးခဲ့သည့် မတ်လကတည်းက ငယ်သူငယ်ချင်းများ၏ ပစ်မှတ်ထားခြိမ်းခြောက်မှု ခံခဲ့ရကြောင်း ပြင်သစ်အာဏာပိုင်များအား တိုင်ကြားခဲ့ပြီးနောက် စက်တင်ဘာ (၂) ရက်မှစတင်ကာ ကနဦးအဆင့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေခြင်းဖြစ်သည်။

ပြင်သစ်လက်ရွေးစင်ကွင်းလယ်လူ ပေါ့ဘာသည် နွေရာသီကာလတွင် အဆိုပါအဖွဲ့အား ယူရိုတစ်သိန်း ပေးခဲ့ရကြောင်း တရားရုံး နှင့် နီးစပ်သည့် သတင်းရင်းမြစ်များက ယခုလအတွင်း ရိုက်တာသတင်းဌာနသို့ ပြောကြားထားသည်။

မာသီးယပ်စ်ပေါ့ဘာ (၃၂ နှစ်)က လူမှုမီဒီယာတွင် ကြေညာချက်ထုတ်ပြန်၍ စွပ်စွဲမှုများကို ငြင်းဆန်ခဲ့ပြီး ၎င်း၏ရှေ့နေကလည်း ခြိမ်းခြောက်ငွေညှစ်မှု စွပ်စွဲချက်များတွင် မာသီးယပ်စ် ပါဝင်ခြင်းမရှိကြောင်း ပြီးခဲ့သည့် သောကြာနေ့တွင် ထပ်မံငြင်းဆန်ခဲ့သည်။

သို့သော် မာသီးယပ်စ်သည် ဗုဒ္ဓဟူးနေ့ မွန်းလွဲပိုင်းတွင် စုံစမ်းစစ်ဆေးရေးတာဝန်ရှိသူများထံ ကိုယ်တိုင်သွားရောက်၍ စစ်ဆေးမှု ခံယူခဲ့ပြီးနောက် ဖမ်းဆီးခံထားရခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်တစ်ဦးက ပြောကြားသည်။

၎င်းနှင့်အတူ သံယယရှိသူ အခြားသုံးဦးကိုလည်း ဖမ်းဆီးထားကြာင်း သိရသည်။

-Ref: Elevensport