နာပိုလီနည်းပြဟောင်း မာရီဇီယိုဆာရီကို ချဲလ်ဆီးနည်းပြအဖြစ် ခန့်အပ်

ချဲလ်ဆီးအသင်းက လစ်လပ်နေတဲ့ နည်းပြနေရာမှာ နာပိုလီ နည်းပြဟောင်း မာရီဇီယို ဆာရီကို ခန့်အပ်လိုက် ပါတယ်။ ချဲလ်ဆီးက ထုတ်ပယ်လိုက်တဲ့ နည်းပြ ကွန်တီရဲ့ နေရာမှာ အစားထိုးဖို့ အသက် ၅၉ နှစ်အရွယ် နည်းပြ ဆာရီကို ၃ နှစ်စာချုပ်နဲ့ ခေါ်ယူထားတာပါ။ နည်းပြသစ် ဆာရီကတော့ ပရိသတ်တွေကို ဖျော်ဖြေမှု ပေးနိုင်တဲ့ ကစားပုံမျိုး ဖြစ်လာဖို့ မျှော်လင့်တယ်လို့ ပြောပါတယ်။

ဆာရီဟာ ချဲလ်ဆီးကို ဘီလျံနာ အေဗရာမိုဗစ် ဝယ်ယူပြီး နောက်ပိုင်းမှာ ၁၃ ယောက်မြောက်အဖြစ် ခန့်အပ်ခံရတဲ့ နည်းပြလည်း ဖြစ်ပါတယ်။ နည်းပြ ဆာရီဟာ အီတလီ စီးရီးအေကလပ် နာပိုလီအသင်းကို ပြီးခဲ့တဲ့ရာသီ စီးရီးအေမှာ ဒုတိယနေရာရအောင် စွမ်းဆောင်ထားပါတယ်။ အထုတ်ခံရတဲ့ နည်းပြဟောင်း ကွန်တီဟာ ချဲလ်ဆီးကို ကိုင်တွယ်တဲ့ ၂ ရာသီအတွင်း ပထမရာသီမှာ ပရီးမီးယားလိဂ်ဖလားကို ရအောင် ကူညီထားပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ရာသီမှာတော့ ချဲလ်ဆီးဟာ အဆင့် ၅ ပဲရတာကြောင့် ချန်ပီယံလိဂ် ဝင်ခွင့်နဲ့ လွဲခဲ့ရပါတယ်။

DVB