ကမ္ဘာ့ကံအဆိုးဆုံး လောင်းကစားသမား တစ်ဦး

518875206

ချန်ပီယံဖြစ်တော့မယ့် လက်စတာဘက်က လောင်းကြေးထပ်ခဲ့တာတောင် အနိုင်မရပဲ အရှုံးပေါ်သွားပါတယ်။  ကမ္ဘာ့ကံအဆိုးဆုံး လောင်းကစားလုပ်တဲ့ သူတွေအထဲမှာ လက်စတာစီးတီး ပရိသတ်တစ်ဦးကို  ထည့်သွင်းရတော့မှာ ဖြစ်ပါတယ်။ ရာသီအစတုန်းက လက်စတာချန်ပီယံဖြစ်မယ်လို့ သူလောင်းကြေး ထပ်ခဲ့ပေမယ့် အနိုင်ရရှိရမယ့်အစား တကယ်တမ်းမှာတော့ သူက စတာလင်ပေါင် ၅ ပေါင် အရှုံးတွေ့သွားပါသေးတယ်။

ပရီးမီးယားလိဂ် ရာသီမစခင်မှာ အဆိုပါ ပရိသတ်က လက်စတာအသင်း ချန်ပီယံဖြစ်မယ်ဆိုပြီး လက်စတာဘက်က ပေါင် ၅၀ လောင်းကြေးထပ်ခဲ့ပါတယ်။ လောင်းကြေးကုမ္ပဏီ Ladbrokes မှာ လောင်းကြေး ထပ်ခဲ့တာပါ။ ရာသီအကုန်မှာ လက်စတာ ချန်ပီယံဖြစ်မယ်ဆိုရင် လောင်းကြေးထပ်သူတွေက အဆပေါင်း ၅၀၀၀ ရရှိမယ်ဆိုပြီး ကုမ္ပဏီတွေဘက်က လောင်းကြေးဖွင့်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ပရီးမီးယားလိဂ် ပွဲစဉ် ၁  အပြီးမှာပဲ အဆိုပါပရိသတ်က သူ့ရဲ့လောင်းကြေးပိုက်ဆံကို ပြန်ထုတ်သွားပါတယ်။ ကုမ္ပဏီဘက်က သတ်မှတ်ထားတဲ့ စည်းမျဉ်းအရ ပွဲစဉ်-၁ အပြီးမှာ ပိုက်ဆံပြန်ထုတ်တဲ့အတွက် သူ့အနေနဲ့ ၄၅ ပေါင် ပြန်ရရှိမှာ ဖြစ်ပါတယ်။

အဲဒီအချိန်တုန်းက လက်စတာချန်ပီယံဖြစ်မယ်လို့ ဘယ်သူကမှ မတွေးမိခဲ့တဲ့ အချိန်ပါ။ ပေါင် ၅၀ ကိုသာ ပြန်မထုတ်ခဲ့ဘူးဆိုရင် အဆိုပါပရိသတ်ဟာ အခုလက်စတာ ချန်ပီယံဖြစ်တာနဲ့ စတာလင်ပေါင် ၂၅၀၀၀၀ ရရှိမှာ ဖြစ်ပါတယ်။

လောင်းကြေးကုမ္ပဏီဘက်ကတော့ အဆိုပါပရိသတ်ဟာ တကယ့်ကို ကံဆိုးလွန်းတဲ့ ပရိသတ်ပါလို့ ပြောခဲ့ပါတယ်။

(BBC)


Leave a Reply