ရီးရဲလ်မက်ဒရစ် အနိုင်ကစားဖူးတဲ့ မော်လ်ဒိုဗာကလပ် ရှရစ် ကို ယူနိုက်တက် အနိုင်ရ

ရှရစ် ဝ-၂ ယူနိုက်တက်

ယူရိုပါလိဂ် အုပ်စုအဖွင့်ပွဲမှာ ဆိုစီဒက်ကို ရှုံးနိမ့်ခဲ့တဲ့ ယူနိုက်တက်ဟာ အခုပွဲမှာတော့ ဆန်ချို၊ ရော်နယ်ဒိုတိုရဲ့ ဂိုးတွေနဲ့အတူ အဝေးကွင်းနိုင်ပွဲ ရခဲ့တာပါ။ ချန်ပီယံလိဂ်မှာ ရီးရဲလ်ကိုတောင် အနိုင်ရခဲ့ဖူးတဲ့ မော်လ်ဒိုဗာကလပ် ရှရစ်ရဲ့ ကစားဟန်ကြောင့် ပွဲအစပိုင်းမှာ ယူနိုက်တက် အခက်တွေ့ခဲ့ပေမဲ့ ဆန်ချိုရဲ့ ပါးနပ်တဲ့ တစ်ချက်ခေါက်ကန်ချက်နဲ့အတူ အဖွင့်ဂိုး ရခဲ့ပြီး ဒါလော့ကြောင့် ရလာတဲ့ ပင်နယ်တီကနေ ရော်နယ်ဒိုက ဒုတိယဂိုး ထပ်သွင်းခဲ့လို ပထမပိုင်းမှာတင် (၂)ဂိုးပြတ် အနိုင်ရခဲ့ပြီး ဖိအားလျှော့ချနိုင်ခဲ့တာပါ။

ဒုတိယပိုင်းမှာ ယူနိုက်တက် အခွင့်အရေးတွေ ထပ်ရခဲ့ပေမဲ့ ရော်နယ်ဒို၊ အန်တိုနီ၊ အီလန်ဂါတို အသုံးမချနိုင်ခဲ့ပါဘူး။ ရော်နယ်ဒိုရဲ့ဂိုးဟာ ကလပ်အသင်း ကစားသမားဘဝ (၆၉၉)ဂိုးမြောက်ဖြစ်ပြီး ရှရစ်ကတာ့ ရော်နယ်ဒိုဂိုးသွင်းနိုင်ခဲ့တဲ့ (၁၂၄)သင်းမြောက် ပြိုင်ဘက်အသင်း ဖြစ်ပါတယ်။