ဗြိတိန်ဂယက်ကြောင့် ရန်ကုန်စတော့အိတ်ချိန်း ရှယ်ယာဈေးပါ ကျဆင်း

ဥရောပသမဂ္ဂမှ ဗြိတိန်ခွဲထွက်မှုကြောင့် နိုင်ငံတကာ စ တော့ဈေးကွက်များတွင် ရှယ်ယာ တန်ဖိုးများကျဆင်းသကဲ့သို့ ရန် ကုန်စတော့အိတ်ချိန်းရှိ ကုမ္ပဏီ နှစ်ခု၏ ရှယ်ယာ ဈေးနှုန်းများလည်း စတင်ကျဆင်းလာကြောင်း သတင်းရရှိသည်။

YGN Stock

ဗြိတိန်နိုင်ငံသုံးငွေ စတာလင်ပေါင်တန်ဖိုး စံချိန်တင် ကျဆင်းပြီး ဂျပန်၊ ဟောင်ကောင်၊ စင်ကာပူနိုင်ငံတို့ရှိ စတော့အိတ် ချိန်းများတွင် ရှယ်ယာတန်ဖိုးများ ကျဆင်းခဲ့သည်။ ရန်ကုန်စတော့ အိတ်ချိန်းမှာလည်း  စင်ကာပူစတော့အိတ်ချိန်းနှင့် ချိတ်ဆက်ထားခြင်းကြောင့် လက်ရှိစာရင်း ၀င်ကုမ္ပဏီနှစ်ခုဖြစ်သော FMI အများပိုင်ကုမ္ပဏီ၏အစုရှယ်ယာ တန်ဖိုး ၆ ရာခိုင်နှုန်းကျော်နှင့် မြန်မာသီလ၀ါ အထူးစီးပွားရေးဇုန် ဟိုးလ်ဒင်းအများပိုင်ကုမ္ပဏီတို့၏အစုရှယ်ယာတန်ဖိုး ၂ရာခိုင်နှုန်းကျဆင်းလာသည်။

‘‘ဗြိတိန်ရဲ့ ရိုက်ခတ်မှုကြောင့်ဈေးထိုးကျတာပါ။ နိုင်ငံတကာမှာ ဖြစ်သလိုပဲ’’ဟု FMI အများ ပိုင်ကုမ္ပဏီ အမှုဆောင် ဒါရိုက် တာ ဦးထွန်းထွန်းက ပြောကြားသည်။

FMIကုမ္ပဏီ၏ အစုရှယ်ယာ တန်ဖိုးသည် ဇွန်လ ၂၇ရက်ဈေး ဖွင့်ချိန်တွင် ရှယ်ယာတစ်စုလျှင်ကျပ် ၁,၅၀၀ ကျဆင်းခဲ့ခြင်း ကြောင့် ရန်ကုန်စတော့အိတ်ချိန်း ဈေးကွက်အရောင်းအ၀ယ် ပိတ် ချိန်၌ ရှယ်ယာဈေးနှုန်းမှာ ၂၃,၅၀၀ကျပ်သို့ ကျဆင်းလာသည်။ ထို့အတူ သီလ၀ါအထူးစီးပွားရေးဇုန်ရှယ်ယာမှာလည်းဇွန်လ ၂၇ ရက်တွင် ၁,၀၀၀ ကျပ်ခန့်ကျဆင်းပြီး အရောင်းအ၀ယ်ရပ်နားချိန်၌ ရှယ်ယာဈေးနှုန်းမှာ ၄၉,၀၀၀ကျပ်သို့ ကျဆင်းခဲ့သည်။

ဗြိတိန်သည် ဥရောပသမဂ္ဂ အဖွဲ့မှ ခွဲထွက်မှုကို ဇွန်လ ၂၄ ရက်တွင် တရားဝင် အဖြေထွက် လာပြီးနောက် အချိန်ပိုင်းအတွင်း စတာလင်ပေါင်တန်ဖိုးသည် နှစ် ၃၀ ကျော်ကာလတွင် အဆိုးရွားဆုံးကျဆင်းခဲ့သည်။ စတော့ရှယ်ယာ  တန်ဖိုးများ  ကျဆင်းပြီးနောက် ကမ္ဘာ့ရွှေဈေး မြင့်တက်ခဲ့သည်။

လက်ရှိကမ္ဘာ့ရွှေဈေးသည် တစ်အောင်စလျှင် အမေရိကန် ၁,၃၂၄ ဒေါ်လာခန့်ရှိနေပြီး ပြည်တွင်းရွှေဈေးမှာ ၈၁၉,၀၀၀ ကျပ်ခန့်ဈေးရှိသည်။

7 Day Daily


Leave a Reply