မြန်မာနိုင်ငံမြောက်ဖျားရှိ တောင်ပေါ် ဆက်စပ်သစ်တောဒေသကို ကမ္ဘာ့သဘာဝ အမွေအနှစ်စာရင်းဝင်ရန် ၂ဝ၁၈ ခုနှစ်တွင် တင်သွင်းမည်

မြန်မာနိုင်ငံမြောက်ဖျားရှိ တောင်ပေါ်ဆက်စပ်သစ်တောဒေသကို နော်ဝေ အမွေအနှစ်ဖောင်ဒေးရှင်း၏ ပံ့ပိုးမှုဖြင့် ယူနက်စကိုအသိအမှတ်ပြု ကမ္ဘာ့သဘာဝ အမွေအနှစ်စာရင်းဝင်နိုင်ရန် ၂ဝ၁၈ ခုနှစ်တွင် တင်သွင်းမည်ဖြစ် ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

UNsko

ယူနက်စကို အသိအမှတ်ပြု ကမ္ဘာ့သဘာဝအမွေအနှစ်စာရင်းဝင်အဖြစ် အမည်စာရင်း အဆိုပြုလွှာကို ၂ဝ၁၇ ခုနှစ် စက်တင်ဘာလ နောက်ဆုံးထားရေးသား၍ အစိုးရအဖွဲ့၏ အတည်ပြုချက်ရယူကာ ၂ဝ၁၈ ခုနှစ်တွင် ယူနက်စကိုသို့ တင်သွင်းသွားမည်ဖြစ်သည်။

မြန်မာနိုင်ငံ မြောက်ဖျားရှိ သစ်တောဒေသကို ယူနက်စကိုစာရင်း တင်သွင်းနိုင်ရန် ခါကာဘိုရာဇီ တောင်ဘက်ပိုင်း ဧရိယာအား သဘာဝနယ်မြေအဖြစ် တိုးချဲ့ခြင်းနှင့် ကမ္ဘာ့သဘာဝ အမွေအနှစ်စာရင်းဝင်နေရာ စံသတ်မှတ်ချက် များနှင့် ကိုက်ညီသည့် ကမ္ဘာ့အဆင့် ထူးခြားသော တန်ဖိုးများကို ဖော်ထုတ်ခြင်းတို့ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ယူနက်စကို အသိအမှတ်ပြု စာရင်းတင်သွင်းနိုင်ရန် မြန်မာနိုင်ငံ မြောက်ဖျား တောင်ပေါ်ဒေသနှင့် ဆက်စပ် သစ်တောများအပါအဝင် ဟူးကောင်းချိုင့်ဝှမ်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော၊ အင်းတော်ကြီးကန် တောရိုင်း တိရစ္ဆာန် ဘေးမဲ့တော၊ နတ်မတောင် အမျိုးသား ဥယျာဉ်၊ မြိတ်ကျွန်းစု ဒေသ၊ ဧရာဝတီမြစ်ဝှမ်း စင်္ကြံနှင့် တနင်္သာရီ ဆက်စပ် သစ်တောဒေသများပါ ကမ္ဘာ့သဘာဝ အမွေအနှစ်စာရင်းဝင်အဖြစ် တင်သွင်းမည်ဖြစ်ပြီး လာမည့်နှစ်တွင် မြန်မာနိုင်ငံမြောက်ဖျားရှိ တောင်ပေါ် ဆက်စပ်သစ်တောဒေသကို ဦးစားပေးတင်သွင်းမည်ဖြစ်သည်ဟု သိရသည်။

Myawady Daily


Leave a Reply