မက်ဆီသည် အတားအဆီးဖြစ်သော်လည်း အမေရိကန်ဖလားရနိုင်ဟု ကလင်းစမန်း ပြောကြား

Untitled-1_9

အိမ်ရှင်အမေရိကန် အသင်း ကိုပါအမေရိကဖလားတွင် အနိုင်ရရှိရေးအိပ်မက်အတွက် အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီသည် အတားအဆီးတစ်ခု ဖြစ်နေသော်လည်း အာဂျင်တီးနားကို အနိုင်ယူကာ ရာပြည့်ဖလား ရရှိနိုင်မည်ဟု မျှော်လင့်ကြောင်း အမေရိကန်အသင်း နည်းပြ ဂျာဂန်ကလင်းစမန်းက ပြောသည်။

‘‘ကျွန်တော်တို့ အမေရိကန်အသင်း ကိုပါအမေရိကဖလားမရ နိုင်စရာအကြောင်းလုံးဝမရှိဘူး။ ရှုံးထွက်အဆင့်မှာ ဘာမဆိုဖြစ်နိုင်ပါတယ်။ ဘယ်သူနဲ့ပဲ ကစား၊ ကစားနိုင်ဖို့ ရာခိုင်နှုန်းထက်ဝက် စီရှိပါတယ်’’ဟု ကလင်းစမန်းက ပြောသည်။

နွေရာသီက ကျောဒဏ်ရာ ပြဿနာများ ပျောက်ကင်းသွားပြီးနောက် ယခုအခါကြံ့ခိုင်မှု ပြည့်ဝနေသော မက်ဆီသည် ၎င်း ပါဝင်သည့် အာဂျင်တီးနားအသင်းအတွက် ပထမဆုံးနိုင်ငံတ ကာဆုဖလားရရှိရေး ကြိုးစားနေပြီး ဗင်နီဇွဲလားကို ၄-၁ ဂိုးဖြင့် အနိုင်ရခဲ့သော ပွဲတွင် တစ်ဂိုးသွင်းကာ နှစ်ဂိုးဖန်တီးပေးခဲ့သည်။

ကိုပါအမေရိကဖလားရရှိခဲ့ပါက အမေရိကန်နည်းပြ ကလင်းစမန်း၏ ငါးနှစ်ကြာကိုင်တွယ်မှုအတွင်း အကြီးမားဆုံး အောင်မြင်မှုဖြစ်လာမည်ဖြစ်ပြီး အမေရိကန် ဘောလုံးရာဇ၀င်တွင် အထင်ရှား ဆုံးအောင်မြင်မှုများအနက် တစ်ခုဖြစ်လာမည်ဖြစ်သည်။

ပြီးခဲ့သည့် ကမ္ဘာ့ဖလားပြိုင်ပွဲ  ဗိုလ်လုပွဲ၌ ဂျာမနီက မက်ဆီကို တားဆီးနိုင်ခဲ့သော်လည်း ယခင်က ၎င်းကို တားဆီးနိုင်သူ မရှိဖြစ်ခဲ့သည်။ ဇွန်လ ၂၁ ရက်တွင် ကလင်း စမန်း၏ အမေရိကန်အသင်းသားများ မက်ဆီကို ဂျာမနီအသင်းသားများကဲ့သို့ တားဆီးနိုင်မည်လားဆိုသည်ကို စောင့်ကြည့်ရမည်ဖြစ်သည်။

အာဂျင်တီးနားထာဝရဂိုးသွင်းရှင် ဘာတစ်တူတာ၏ နိုင်ငံတကာသွင်းဂိုးစံချိန်ကို လိုက်မီခဲ့သော မက်ဆီက ‘‘ကျွန်တော် အဲဒီစံချိန်နဲ့တူပဲ တူပါသေးတယ်။ စံချိန် မချိုးရသေးပါဘူး’’ဟု ပြောခဲ့သည်။

—Ref:AP


Leave a Reply