ယူရို-၂၀၁၆ ပြိုင်ပွဲတွင် ဖမ်းဆီးထိန်းသိမ်းခံရသည့် ဆိုးသွမ်းပရိသတ် (၅၅၇)ဦး ရှိလာ

13502141_1729540483965502_9023952816848114134_n

ပြင်သစ်နိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပလျက်ရှိသည့် ယူရို-၂၀၁၆ ပြိုင်ပွဲတွင် ဖမ်းဆီးထိန်းသိမ်းခံရသည့် ဆိုးသွမ်း ပရိသတ် (၅၅၇)ဦး ရှိလာကြောင်း ပြင်သစ်အစိုးရက ဇွန်(၂၀)ရက်တွင် ထုတ်ပြန်ခဲ့သည်။ 

ယင်းထဲမှ (၂၁)ဦးမှာ ထောင်ဒဏ်ချမှတ်ခံခဲ့ရပြီး အခြား (၆)ဦးမှာ ဆိုင်းငံ့ထောင်ဒဏ် ချမှတ်ခံထားရသည်။ ထို့အပြင် ပြင်သစ် အာဏာပိုင်များသည် အခြား ပရိသတ် (၂၅)ဦးကိုလည်း ပြည်နှင်ဒဏ် ချမှတ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။ 

ပြင်သစ်နိုင်ငံတစ်ဝှမ်းရှိ ယူရိုပြိုင်ပွဲကျင်းပသည့် မြို့များတွင် ပရိသတ်များ၏ ရန်ပွဲများ ဖြစ်ပေါ်လျက်ရှိပြီး လက်ရှိ အချိန်အထိ အကြီးမားဆုံး ရန်ပွဲမှာ အင်္ဂလန်နှင့် ရုရှားပွဲမတိုင်မီ မာဆေးလ်မြို့၌ အင်္ဂလန်ပရိသတ်၊ ရုရှားပရိသတ်နှင့် ဒေသခံလူငယ်များအကြား ဖြစ်ပွားခဲ့သည့် ရန်ပွဲဖြစ်ကြောင်း သိရသည်။

-Ref; Goal.com


Leave a Reply