မြန်အောင်မြို့နယ်ရှိရေကြီးနစ်မြုပ်ဒေသများသို့ ပြည်ခိုင်ဖြိုးပါတီမှ ဆန်များသွားရောက်လှူဒါန်း

ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ်တွင် ယခုလ ၁ဝရက်က မိုးသည်းထန်စွာရွာသွန်းခဲ့ရာ ပျိုးခင်းများရေမြုပ်ခြင်း၊ စပါးကြဲခင်းများ ရေနစ်မြုပ်ခြင်းနှင့် အချို့အနိမ့်ပိုင်းတွင်ရှိသောရွာများပါ ရေနစ်မြုပ်ခဲ့ပြီး ယနေ့အထိ ရေပြန်ကျခြင်းမရှိဘဲ ရေများဆက်လက်တိုးလျက်ရှိနေကြောင်း ကျွဲတဲကုန်းကျေးရွာအုပ်စု ပြည်ခိုင်ဖြိုးပါတီမှ ဦးသန်းဌေးအောင်က ပြော သည်။ ရွာများနစ်မြုပ်မှုအဆိုးဆုံးနေရာများမှာ ကျွဲတဲကုန်းအုပ်စုမှ ဒေါင့် ကြီးကျေးရွာနှင့်ရေကူးစုရွာ၊ လေးတူးအုပ်စုမှ လေးတူးရွာတို့ဖြစ်ကြောင်း မြန်အောင်ပြည်ခိုင်ဖြိုးပါတီမှ ကနောင်တိုက်နယ်တာဝန်ခံ ဦးအောင်မျိုး ဦးက ပြောသည်။

ယမန်နေ့က မြန်အောင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ကနောင်တိုက် နယ်တာဝန်ခံဦးအောင်မျိုးဦးနှင့် ကျွဲတဲကုန်းကျေးရွာအုပ်စု စည်းရုံး ရေးမှူးဦးမျိုးမင်းသန်းတို့ဦးဆောင်သောအဖွဲ့သည် ကျွဲတဲကုန်းအုပ်စု ဒေါင့်ကြီးကျေးရွာရှိ ရေဘေးသင့်အိမ်ထောင်စု ၂ဝအား ဆန်များသွား ရောက်လှူဒါန်းခဲ့ပြီး နောက်ထပ်နစ်မြုပ်နေသောကျေးရွာများသို့လည်း ထပ်မံလှူဒါန်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

နေဝင်းဇော်(မြန်အောင်)


Leave a Reply