ကယားပြည်နယ်ပြည်ခိုင်ဖြိုး မြို့နယ်အလိုက် ပါတီမျက်နှာစုံညီအစည်းအေး ကျင်းပနိုင်ရေး တွေ့ဆုံ ဆွေးနွေး

ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအနေဖြင့် မြို့နယ် (၇) မြို့နယ်တွင် မျက်နှာ စုံညီအစည်းအဝေး ကျင်းပပြုလုပ်၍ မြို့နယ်အဆင့် ပါတီကေဒါများ ပြန်လည်ရွေးချယ်အတည်ပြုနိုင် ရေး ညှိနှိုင်းအစည်းဝေးကို ဇွန်လ (၁၅) ရက်နေ့ နံနက် (၁၀) နာရီအချိန်က ပြည်နယ်ပါတီ သီးသန့် အစည်းအေ၉းခန်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် ဗဟိုကော်မတီဝင် ဦးလူရယ်ဘိုးလူက အမှာစကား ပြောကြားပြီး ပြည်နယ်ပါတီမှ ဦးတင်ဦး၊ ဦးမော်ရယ်၊ ဦးကျော်မြင့်၊ မြို့နယ်ပါတီအတွင်းရေးမှူးတို့က အသီးသီးဆွေးနွေးကြသည်။

အဆိုပါအစည်းအဝေးသို့ ဘောလခဲခရိုင်၊ ဘောလခဲမြို့နယ် ဖားဆောင်း မြို့နယ်၊ မယ်စဲ့မြို့နယ်၊ လွိုင်ကော်ခရိုင်၊ လွိုင်ကော်မြို့နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဖရိုဆိုမြို့နယ်၊ ရှားတောမြို့နယ် တို့အမှ အတွင်းရေးမှူးများ တက်ရောက် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

ကယားလေး (လွိုင်ကော်)


Leave a Reply