ကျောက်ကြီးပြည်ခိုင်ဖြိုးပါတီမျက်နှာစုံညီ အစည်းအဝေး နှင့် ပြန်လည် ဖွဲ့စည်းရေးကျင်းပ

ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီအစည်းအဝေးနှင့် ပြန်လည်ဖွဲ့စည်းရေးကို ဇွန်လ (၁၈) ရက် နံနက် (၁၀) နာရီမှ ညနေ (၂) နာရီခွဲအချိန်အထိ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး နယ်/လုံဝန်ကြီး(ငြိမ်း) ဦသက်ထွန်း၊ တောင်ငူခရိုင် ပြည်ခိုင်ဖြိုး ပါတီ ခရိုင်ရွေးကောက်ပွဲကော်မရှင်၊ ခရိုင်ပါတီ အတွင်းရေးမှူးနှင့် ခရိုင်ပါတီကော်မတီဝင်များ၊ မြို့နယ် ပါတီအတွင်းရေး မှူးနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်ကွက်/ကျေးရွာ အသီးသီးမှ ပ/ဒု ခေါင်းဆောင်များ တက်ရောက်ခဲ့ကြသည်။

ခရိုင်ရွေးချေယ်ရေးအဖွဲ့မှ ပါတီဝင် (၃၀) ကို အမည်စာရင်းတင်သွင်းပြီး ယခင်ပါတီတွင် တာဝန်ယူ ထားသူများက အသီးသီးနှုတ်ထွက်၍ ပါတီဝင်အဖြစ်ရပ်တည်ကာ ရပ်ကွက်/ကျေးရွာ ပ/ဒု ခေါင်းဆောင် များနှင့်အတူ မဲပေးရွေးချယ်ခဲ့ကြသည်။

အမှတ်အများဆုံးရရှိသော (၁၅) ဦးကို အမည်စာရင်းတင်ပြပြီး အတည်ပြု ရွေးချယ်ကာ ရွေးချယ်ခံရသူများမှ တိသစ္စာခံယူ၍ ကြွေးကြော်သံများဖြင့် အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

Credit – Specialmankto Specialmankto


Leave a Reply