ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ဇွန် (၁၇) ရက်တွင် လာရောက်မည်

ပြင်သစ်နိုင်ငံခြားရေးနှင့် နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး Jean-Marc Ayrault  သည် မြန်မာနိုင်ငံ သို့ ဇွန် (၁၇) ရက်မှ (၁၉) ရက် အထိ သုံးရက်ကြာ လာရောက်မည်ဖြစ်ကြောင်း သိရသည်။

13442118_1208532472499597_8167392224424449128_n

ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတဦးထင်ကျော်၊ နိုင်ငံတော် ၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံသွားမည်ဖြစ်ကြောင်း ပြင်သစ်သံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

ယင်းခရီးစဉ်အတွင်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အပါအ၀င် အစိုးရအဖွဲ့ဝင် ၀န်ကြီးတချို့နှင့်လည်း တွေ့ဆုံသွားမည်ဖြစ်ကြောင်း သိရသည်။

ဇွန်လ (၁၈) ရက်တွင် ရန်ကုန်ရှိ French Institute သို့ သွားရောက်လည်ပတ်မည်ဖြစ်ပြီး ပြင်သစ်လူမှု အသိုင်းအ၀ိုင်းနှင့်လည်း တွေ့ဆုံသွားမည်ဖြစ်သည်။ ဇွန်လ (၁၉) ရက်တွင် ဦးသန့်နေအိမ်နှင့် ၀န်ကြီး များရုံးသို့ သွားရောက်မည်ဖြစ်ကြောင်း ပြင်သစ်သံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

‪Democracytoday


Leave a Reply