ရုရှားစစ်ဘက်သုံးလေယာဉ်ပျက်ကျ၊ လေယာဉ်မှူးသေဆုံး

53737837

မော်စကို ဇွန် ၉

ဇွန် ၉ ရက် ဒေသစံတော်ချိန် နံနက် ၁ဝနာရီ ၂၅မိနစ်တွင် ရုရှားနိုင်ငံမော်စကိုဒေသ၌ စစ်ဘက်သုံး Su-27 လေယာဉ် တစ်စင်းပျက်ကျခဲ့ရာ လေယာဉ်မှူး သေဆုံးခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက အတည်ပြုပြောကြားသည်။

ရုရှားလေတပ်ပိုင်ဖြစ်သည့် အဆိုပါ Su-27 လေယာဉ် သည် ၎င်းခရီးစဉ်ကို ပျံသန်းခဲ့ပြီးနောက် လေဆိပ်သို့ ပြန်လာနေစဉ် မော်စကိုဒေသ၌ ပျက်ကျခဲ့ခြင်းဖြစ်သည်။ အဆိုပါလေယာဉ်သည် မော်စကိုဒေသ၏မြောက်ဘက်တွင် ကျင်းပသည့် လေယာဉ်ပြပွဲအခမ်းအနားတစ်ခုသို့ ပါဝင်ခဲ့ပြီးနောက် လေဆိပ်သို့အပြန်လမ်းတွင် ပျက်ကျခဲ့ခြင်း ဖြစ်သည်။

လေယာဉ်ပျက်ကျမှုနှင့်ပတ်သက်ပြီး ကနဦးရယူထားသည့် အချက်အလက်များအရ အဆိုပါလေယာဉ်သည် စက်ချွတ်ယွင်းမှုကြောင့် ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အာဏာပိုင်များက လေယာဉ်ပျက်ကျမှုနှင့်ပတ်သက်ပြီး အတည်ပြုချက်မရရှိသေးခင် Su-27 အမျိုးအစား လေယာဉ်အားလုံးကို ပျံသန်းခြင်းမပြုရန် ဆိုင်းငံ့ထားကြောင်း သိရသည်။

လေယာဉ်ပျက်ခဲ့ပြီးနောက် လေယာဉ်ပျံသန်းမှု အချက်အလက်မှတ်တမ်းတင်သည့် ဘလက်ဘောက်စ်ကိုလည်း ရှာဖွေတွေ့ရှိခဲ့ပြီး ထိုမှပျက်ကျခဲ့သည့် အကြောင်းရင်း ကို ရှာဖွေတွေ့ရှိနိုင်ရန် မျှော်လင့်ရကြောင်း စုံစမ်းရေး အဖွဲ့က ပြောသည်။

ဆင်ဟွာ။
The Mirror Daily


Leave a Reply