ထရန့်နှင့်အတူ အမေရိကန်-ရုရှား ဆက်ဆံရေးအပြည့်အ၀ပြန်လည်ထူထောင်ရန် အသင့်ရှိဟု ပူတင်ပြော

အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် ဒေါ်နယ်ထရန့်အနိုင်ရရှိမှုကို ရုရှားသမ္မတ ဗလာဒီမာပူတင်က ချီးကျူး ဂုဏ်ပြုလိုက်ပြီး အမေရိကန်-ရုရှား ဆက်ဆံရေး အပြည့်အ၀ ပြန်လည်ထူထောင်ရန် အဆင်သင့်ရှိသည်ဟု ပြောကြားသည်။

15055656_1688085924839280_2291996086439585837_n

သို့သော် ရုရှားသည် အခြားနိုင်ငံများ၏ ပြည်တွင်းနိုင်ငံရေးကိစ္စများ၌ ကြားဝင် စွက်ဖက်မည်မဟုတ်ဟု ပူတင်က ပြောကြားပြီး အမေရိကန်ပြည်သူများ ရွေးချယ်သည့် မည်သူနှင့်မဆို လက်တွဲဆောင်ရွက်မည်ဟု ပြောကြား သည်။

‘‘ရုရှား-အမေရိကန် ဆက်ဆံရေး မကောင်းဖြစ်နေတာဟာ ကျွန်တော်တို့ အပြစ်ကြောင့် မဟုတ်ပါဘူးဆိုတာ ကျွန်တော် အကြိမ်ကြိမ် ပြောခဲ့ပါတယ်။ အဲဒီလို ဆက်ဆံရေးတည်ဆောက်မယ့်ကိစ္စဟာ ခက်ခဲမှာ ဖြစ်ပေမယ့် ကျွန်တော်တို့အပိုင်းကို ကျွန်တော်တို့ အကောင်းဆုံး ကြိုးစားလုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ရုရှားနိုင်ငံ ဟာ အမေရိကန် ဆက်ဆံရေး ပြန်လည်ထူထောင်ဖို့ ဆန္ဒရှိပြီး ပြန်လည်ထူထောင်ချင်ပါတယ်’’ ဟု မစ္စတာ ပူတင်က ပြောသည်။

ထိုအတောအတွင်း သမ္မတအိုဘားမားက ထရန့်ထံသို့ ဖုန်းဆက်၍ ဂုဏ်ပြုကာ ချောမွေ့စွာ အာဏာလွှဲရေး ဆွေးနွေးရန် အိမ်ဖြူတော်သို့ ကြာသပတေးနေ့ လာရောက်ရန် ဖိတ်ခေါ်ထားသည်ဟု အိမ်ဖြူတော်က ပြောသည်။

# 7 Day Daily


Leave a Reply