မန်ယူကို စွန့်ခွာတော့မည်ဟု ရွိုင်ယန်ဂစ် ပြော

Ryan-Giggs-Reuters

မန်ယူအသင်း လက်ထောက်နည်းပြ ရွိင်ယန်ဂစ်ဟာ အသင်းကို စွန့်ခွာတော့မှာ ဖြစ်တယ်လို့ ဗြိတိသျှ မီဒီယာ တခုဖြစ်တဲ့ မေယာသတင်းမှာ ရေးသားထားပါတယ်။

စိန်ခေါ်မှုအသစ်တွေကို လိုချင်လို့ မန်ယူကိုစွန့်ခွာတာ ဖြစ်တယ်လို့ အသက် ၄၂ နှစ်အရွယ် နည်းပြ ဂစ်က ပြောကြောင်း သတင်းမှာ ဆိုထားပါတယ်။

ဂစ်ဟာ မန်ယူနည်းပြသစ် မော်ရင်ဟိုလက်ထက်မှာ သူ့ကို နည်းပြအဖွဲ့ဝင်အဖြစ် ကမ်းလှမ်းခဲ့ပေမယ့်လည်း ကျေနပ်စရာ မရှိလို့ အသင်းပြောင်းတာ ဖြစ်တယ်လို့လည်း ခန့်မှန်းထားပါတယ်။

သူဟာ မန်ယူနည်းပြဟောင်း ဗန်ဂါးလ်လက်ထက်မှာ အသင်းရဲ့ နံပါတ် ၂ နေရာကို ရယူထားသူ ဖြစ်ပါတယ်။

မန်ယူအသင်းကတော့ တိုက်စစ်မှူးဟောင်း ဂစ်ကို အသင်းမှာ ဆက်ရှိနေစေချင်ကြောင်း အတည်ပြုထားပါတယ်။

(ရိုက်တာ)


Leave a Reply